Qစင်တာမှာ Volunteer များကို ဆဲဆိုကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက်ပြုမူတဲ့အပြင် ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/eb/eb503735fa227d1e257fe48054a40bfacabff989.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာကျောင်း Qစင်တာမှာ ဆဲဆိုရမ်းကားပြီး ရန်ပြုမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ(၁၅)ရက်နေ့က  တောင်ကြီး၊ မိုးကုတ်ဝိပဿနာကျောင်းမှာ Qဝင်နေတဲ့ လူတချို့ဟာ ဒေါသတကြီးနဲ့ အဆောက်အအုံတွေကို ဖျက်စီးပြီး  Volunteer များကို အကြမ်းဖက်ရိုက်နှက်ခဲ့ကြတာပါ။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

စက်တင်ဘာ(၁၅)ရက်နေ့ ညပိုင်းက Quarantine ဝင်ရောက်နေသူတချို့ဟာ စေတနာ့ဝန်ထမ်းတွေကို ဆဲဆိုကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက်ပြုမူတဲ့ အပြင် ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခဲ့‌ကြောင်းနဲ့ ရဲစခန်းသို့ တိုင်ကြားရာမှာလည်း အမှုဖွင့်လှစ် ပေးခြင်း မရှိဘူးလို့ သိရပါတယ်။ ရန်မဖြစ်ဖို့တားတဲ့ Volunteer တယောက်ကိုလည်း လည်ပင်းဓားထောက်ပြီး ဖုန်းကိုပါ ရိုက်ခွဲတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မိုးကုတ်ဝိပဿနာရှိ Quarantine Center မှာ အကြမ်းဖက်ရမ်းကားမှုများ ဖြစ်ပေါ်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်ဟာ စက်တင်ဘာလ (၁၆)ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေကတော့ ​စိတ်ဆိုးဒေါသထွက်နေကြပြီး ဝေဖန်ရှုံ့ချထားကြတာလည်း တွေ့ရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T