အဆိုတော်သားစိုးကတော့ အနုပညာပိုင်းမှာ အများနဲ့မတူတဲ့ တီထွင်ဆန်းသစ်မှုတွေကြောင့် အောင်မြင်မှုတွေနဲ့ နေရာအခိုင်အမာရရှိထားသလို ကိုယ်ပိုင်စီးပွားရေးတွေလည်း လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ စီးပွားရေးကြပ်တည်းနေတဲ့ လတ်တလောအချိန်ကာလတွေမှာလည်း ဆင်းရဲနွမ်းပါးပြည်သူတွေနဲ့ လိုအပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စမတောင်ပရဟိတဂေဟာမှာ ကလေးငယ်လေးတွေအတွက် အလှူငွေတွေအပြင် အခြားအသုံးအဆောင်ပစ္စည်းတွေလည်း လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ စမတောင်(လူငယ်ဖွံဖြိုးရေးဥယျာဉ်)မှာ အလှူငွေ (၃)သိန်းကျပ် လှူဒါန်းခဲ့ပြီး ကလေးကစားစရာများနဲ့ အဝတ်အထည်တွေကိုလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပရဟိတဂေဟာမှာ ကြည်နူးစရာကောင်းတဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် စမတောင်မှာလည်း စိုက်ပျိုးရေးမျိုးစေ့တွေလည်း လှူဒါန်းခဲ့တယ်လို့ သားစိုးက ပြောပြထားပါတယ်။ လိုအပ်နေသူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းကူညီခဲ့တဲ့ သားစိုးရဲ့ ကုသိုလ်အလှူလေးတွေကိုလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေက သာဓုခေါ်အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ သားစိုး thxasoe's Fb Acc