ကလေး ၄ ယောက်ရှိပြီး အသက် ၅၀ လို့မထင်ရလောက်အောင် နုပျိုလှ‌ပနေတဲ့ ကမ္ဘာ့အလန်းဆုံး အဖွား

//s9.kh1.co/7b/7bb709aaa744fddb748ccce0c3926c339b4a4651.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သူမရဲ့ အသက်အရွယ်ကြီးရင့်လာမှုမရှိတဲ့ ရုပ်ရည်‌ကြောင့် " ကမ္ဘာ့အလန်းဆုံး အဖွား " ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ သူမရဲ့ နာမည်ကတော့ Gina Stewart ပဲဖြစ်ပါတယ်။ သူမမှာကလေး ၄ ယောက်ရှိပြီး တချို့ကတော့ အိမ်ထောင် ကျကုန်ပြီဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိပြီးဖြစ်ပေမယ့်လည်း အသက်နဲ့မလိုက်အောင် နုပျိုလှပနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ သူမရဲ့ လှပနုပျိုမှုနဲ့ပတ်သက်ပြီးတော့လည်း သူမရဲ့လျှို့ဝှက်ချက်ကို သိပ်မကြာသေးခင်က ပြောပြခဲ့ပါတယ်။ လူတော်တော်များများဟာ Gina ရဲ့ လျှို့ဝှက်ချက်ကို သိရှိပြီးနောက်မှာ အံ့ဩသင့်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=634,h=1127,q=100/9b/9b08e2033c2bf29e050dcce5408c85adceefc0a5.jpg
https://s9.kh1.co/__image/w=634,h=1127,q=100/10/107090c7ea6ecd770c962898d57d6c5ac33046f2.jpg

သူမပြောပြတဲ့ သူမလျှို့ဝှက်ချက်ကတော့ Green Tea ကို ပုံမှန်သောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ " ဒီဟာက ကျန်းမာစွာ နေနိုင်ဖို့အတွက် ကျွန်မရဲ့အကြိုက်ဆုံးထဲက တစ်ခုဖြစ်ပြီး ဈေးအသက်သာဆုံး တစ်ခုဖြစ်ပါတယ် " လို့ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးသူမဟာ " နေ့စဉ်ပုံမှန် Green Tea တစ်ခွက်ကို အပူဖြစ်ဖြစ် အအေးဖြစ်ဖြစ်သောက်ပါတယ်၊ အဲ့လိ‌ုသောက်ပေးခြင်းအားဖြင့် များစွာသော ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေပါတယ် " ဆိုပြီးပြောခဲ့ပါတယ်။ သူမဟာ rosehip oil သုံးရတာကိုလည်း ကြိုက်ပါတယ်၊ သူမအသားအရေကို စိုပြေစေပြီး ဆံသားကို ကျန်းမာတောက်ပြောင်စေဖို့အတွက် သဘာဝအုန်းဆီကိုလည်းသုံးပါတယ်။

https://s9.kh1.co/__image/w=634,h=887,q=100/b4/b4485b9fe2e0a23b4c9b7b82d65f631cc20d6928.jpg
https://s9.kh1.co/__image/w=634,h=1129,q=100/67/67d9971a95faae5f1065b3f4536505ccc5a71ac6.jpg

Gina ဟာ Botox နှင့် ဖြည့်စွက်ပစ္စည်းများကဲ့သို့အတုပြုလုပ်ထားသော အရည်အသွေးမြှင့်တင်မှုများကို ပြင်းထန်စွာ ဆန့်ကျင်သူဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်မှာ ခွဲစိတ်မှုဆိုလို့ E-Cup အရွယ်ရှိတဲ့ ရင်သားအစားထိုး ခွဲစိတ်မှုပဲရှိပါတယ်။ သူမဟာ သူမရဲ့ရင်သားအစားထိုးကုသမှုကြောင့်နာမကျန်းဖြစ်ပြီးနောက် ဖယ်ရှားပစ်ချင်ကြောင်း ပြောဆိုခဲ့တုန်းက ဒီခွဲစိတ်မှုကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ သဘာ၀နည်းလမ်းတွေကိုပဲ သဘောကျနှစ်သက်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရင်သားကလွဲလို ကျန်တာအကုန် သဘာ၀နည်းလမ်းအတိုင်း ပြုလုပ်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=288,h=509,q=100/74/74d4bff8c81992edd13395b78fabc77ea8518032.jpg
https://s9.kh1.co/__image/w=650,h=342,q=100/0c/0c594abd4845a642329c7741abdae046156240e1.png

" ရင်သားအစားထိုးကုသမှုဟာ တကယ်ပဲ ကင်ဆာဖြစ်စေသလားဆိုတာ ကျွန်မမသိပါဘူး၊ အဲ့တာကတော့ တကယ်‌ထိတ်လန့်စရာပါပဲ " ဆိုပြီးသူမဟာ ၂၀၁၈ တုန်းက The Sun ကိုပြောပြခဲ့ပါတယ်။ " ကင်ဆာတစ်ခုပဲ ကျွန်မတို့ စိတ်ပူရမှာမဟုတ်ပါဘူး၊ အမျိုးသမီးတော်တော်များများဟာ ပလပ်စတစ် အစားထိုးကုသမှုတွေကြောင့် နာမကျန်းဖြစ်ခြင်းနဲ့ ရောဂါဝေဒနာတွေကိုလည်း ခံစားရလေ့ရှိပါတယ် " လို့ထည့်သွင်းပြောပြခဲ့ပါတယ်။

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T