ဆင်နဲ့လည်းတူသလို ဖျံနဲ့လည်းတူလှတဲ့ ထူးထူးဆန်းဆန်း အကောင်လေးများ

//s9.kh1.co/8e/8e4e6ef676c960a3bfdffb6cf4b4c23926417dbd.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Elephany Seal လို့ခေါ်တဲ့ ဒီအကောင်လေးတွေဟာ ဆင်နဲ့လည်းတူသလို ဖျံနဲ့လည်းတူကြပါတယ်။

ဆင်ဖျံလို့လည်း ခေါ်ကြတဲ့ ဒီအကောင်လေးတွေမှာ မြောက်ပိုင်းဆင်ဖျံနဲ့ တောင်ပိုင်းဆင်ဖျံဆိုပြီး နှစ်မျိုးရှိကြပြီး ပုံမှန် အရွယ်အစားကတော့ ၁၅ ပေ ဝန်းကျင်လောက် ရှိတတ်ကြပါတယ်။ဒီဆင်ဖျံတွေရဲ့ ပုံမှန်အရောင်ကတော့ မီးခိုးရောင်နဲ့ အညိုရောင်ဖြစ်ကြပြီး တစ်ခါတစ်ရံမှာ အနက်ရောင်အစက်အပျောက်လေးတွေလည်း တွေ့ရတတ်ပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=259,h=194,q=100/ab/ab35577128b36817a91fc6f1f60d252c7b67d3e7.jpeg
https://s9.kh1.co/__image/w=301,h=200,q=100/fc/fc38339207d84b0f2f82770f356a2eebe3fca10c.jpg

မြောက်ပိုင်း ဆင်ဖျံတွေကို များသောအားဖြင့် ကနေဒါ ၊ မက္ကဆီကို နဲ့ အမေရိကန်က ကျွန်းစုတွေအနီးမှာတွေ့ရလေ့ရှိပြီး တောင်ပိုင်းဆင်ဖျံတွေကတော့ တောင်အာဖရိက ၊ အာဂျင်တီးနား နဲ့ နယူးဇီလန် ကျွန်းစုတွေအနီးမှာ တွေ့ရလေ့ရှိပါတယ်။

ဒါ့အပြင် မြောက်ပိုင်း ဆင်ဖျံတွေဟာ တောင်ပိုင်းဆင်ဖျံတွေထက် အကောင်အနည်းငယ်သေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=300,h=200,q=100/5f/5f130effe166117c6e02a4b932424aa43003b817.jpg
https://s9.kh1.co/__image/w=600,h=399,q=100/8f/8f5dbc068746fb0adfc30f0fd671af5a70549a4b.jpg

ဒီဆင်ဖျံတွေမှာ ဆင်တွေလိုပဲ နှာခေါင်းကြီး တစ်ခုရှိပြီး ဒီနှာခေါင်းနဲ့ ရန်သူတွေကို ဖိထောင်းကာ တိုက်ခိုက်နိုင်ကြပါတယ်။ဒါ့အပြင် ဒီဆင်ဖျံတွေဟာ အမတွေ လာရောက် ပေါက်ပွားကြမယ့် ကမ်းခြေနယ်မြေအတွက် အဖိုချင်း နယ်မြေလုပွဲတွေ ဆင်နွှဲ တိုက်ခိုက်တတ်ပါတယ်။ ဆင်ဖျံအမတွေက ၁၁ လလောက်ကိုယ်ဝန်ဆောင်ပြီးရင် ဆင်ဖျံပေါက် ကလေးတစ်ကောင် ဖွားမြင်ပေးပါတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=388,q=100/f1/f1b0d5e595363c514c71a1dd718028017911c141.jpg
https://s9.kh1.co/__image/w=600,h=356,q=100/c4/c422fb1a92d9f8e3a4548490f12dacf02d70e4e2.jpg
https://s9.kh1.co/__image/w=600,h=450,q=100/4c/4c125aea9dbbc131b06c31f801acbba6ad415db5.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T