အိမ်ရဲ့ကြမ်းပြင်မှာ ထူးဆန်းစွာပေါ်လာတဲ့ သေဆုံးပြီးသား အမျိုးသမီးရဲ့မျက်နှာ

//s9.kh1.co/6f/6f70e4b179e0a13fb23ced10fb44b6f152d68af8.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပိန်နိုင်ငံ Bélmez de la Moraleda မှာရှိတဲ့ လမ်းတစ်လမ်းက အိမ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။

၄င်းအိမ်ကတော့ María Gómez Cámara လို့ခေါ်တဲ့ အမျိုးသမီးရဲ့အိမ်ဖြစ်ပြီး အိမ်ရဲ့ကြမ်းခင်းမှာ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာပုံကြီးပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=619,h=349,q=100/47/472f0179f3a76738b099a5e68aec30b00630c9a9.jpg

ဒါနဲ့၄င်းအမျိုးသမီးက ယောကျ်ားဖြစ်သူကိုပြောပြပြီး အလိုလိုပေါ်လာတဲ့ မျက်နှာ ပုံကြီးကို ဖျက်ပြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်တစ်နေ့ မှာ နောက်ထပ်ကြမ်းခင်း တစ်နေရာကနေ တစ်ပုံစံထဲတူတဲ့ မျက်နှာပုံ ထပ်မံ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။

ဒါ့ကြောင့် သူတို့လည်း ဘေးအိမ်တွေကိုပြောပြရင်းနဲ့ ဒီသတင်းဟာ တစ်မြို့လုံးပျံ့​ပြီး လာရောက်ကြည့်ရှုသူတွေ ဓာတ်ပုံရိုက်သူတွေရှိခဲ့ပါတယ်။

ဓာတ်ပုံရိုက်တဲ့နေရာလည်း ကြမ်းပြင်မှာပေါ်နေတဲ့ သရဲရဲ့မျက်နှာဟာ ထင်ထင်ရှားရှားပေါ်လွင်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=414,h=589,q=100/3e/3ed90f937d4828aec34ff24e118aab09fa93054b.jpg
https://s9.kh1.co/__image/w=600,h=438,q=100/46/46453300c3dfa0fc3f58255efe22c5d832c4360b.jpg

နောက်တော့ အိမ်ကြမ်းခင်းကို လှန်ပြီး စစ်ဆေး ခဲ့ရာမှာတော့ ကြမ်းပြင်မှာပေါ်နေတဲ့ ပုံထဲက အမျိုးသမီးရဲ့ အလောင်းကို ကြမ်းခင်းအောက် မှာတွေ့ ရှိရပါတယ်။

ဒါ့ကြောင့် အလောင်းကိုဖယ်ရှားခဲ့ပြီး ကြမ်းခင်းအသစ်ပြန်ခင်းပြီးနောက်မှာတော့ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်တော့ဘူးလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ထူးဆန်းပြီး ပရလောကသမားတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/a7/a75e39bddc396a4886924caa39b93d65dfeac6dc.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T