ခုနှစ်ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး ငွေကြေးမတတ်နိုင်တဲ့ မသန်စွမ်းပြည်သူတွေအတွက် လိုအပ်တာတွေ ကူညီလှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/b1/b1c3a7d9cc4f4574b0553d1c7d33673390afda00.jpeg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် အခိုင်အမာရပ်တည်နေသလို ပရဟိတအလုပ်တွေကိုပါ တစိုက်မတ်မတ်လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။ လက်ရှိစီးပွားရေးကြပ်တည်းနေတဲ့ အချိန်ကာလတွေမှာလည်း ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

ခိုင်နှင်းဝေကတော့ ငွေကြေးမတတ်နိုင်တဲ့ မသန်စွမ်းညီအစ်ကိုမောင်နှမတွေအတွက်လည်း လိုအပ်နေတာတွေကို ပံ့ပိုးကူညီလှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။ ခုနှစ်ရက်သားသမီး စေတနာရှင်ပြည်သူတွေနဲ့အတူ စုပေါင်းပြီး Wheelchair အစီး (၅၀) ၊ ချိုင်းထောက် များ၊ တုတ်ကောက်များ (တန်ဘိုးငွေ ကျပ် သိန်း ၁၀၀ ဝန်းကျင်ခန့်) ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ 

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

လိုအပ်နေသူတွေအတွက် လှူဒါန်းပြုလုပ်ခဲ့တဲ့ သူမရဲ့ မွန်မြတ်တဲ့ အလှူကုသိုလ်လေးတွေ ပရိသတ်တွေလည်း မုဒိတာပွားသာဓုခေါ်ဆိုနိုင်ဖို့အတွက်ကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်။ ပြည်သူတွေကလည်း လှူဒါန်းမှုတွေ အမြဲမပြတ်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကို အားပေးစကားတွေပြောထားကြတာလည်း ကြည်နူးစရာ တွေ့မြင်ရပါတယ်။ 

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc


သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T