နှလုံးလှလူမိုက်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပရိသတ်တစ်ဦး ဆွဲပေးတဲ့ပန်းချီလေးကိုကြည့်ကာ ကျေနပ်ဂုဏ်ယူမိနေတဲ့ မင်းမော်ကွန်း

//s9.kh1.co/d0/d00b68bfa8f95b771052638cd7a98afe9e37e210.jpg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်မင်းမော်ကွန်းကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အရာရာကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေသူဖြစ်ပါတယ်။ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အာဏာရှင်ကို ရောက်ရာနေရာကနေ ဆန့်ကျင်နေတဲ့ မင်းမော်ကွန်းကတော့ ပြည်သူတွေရဲ့ လေးစားခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူး ။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါ၀င်နေကြတာလည်း တွေ့ရပါတယ်။ မင်းမော်ကွန်းဟာ သူ့ရဲ့ခံယူချက်နဲ့ ရပ်တည်ချက်တွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြတ်ပြတ်သားသားရေးလေ့ရှိပြီး အမှန်တရားအတွက် တိုက်ပွဲ၀င်နေတာပဲဖြစ်ပါတယ်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

အခုဆိုရင်လည်း ပရိသတ်တစ်ဦးဟာ မင်းမော်ကွန်းရဲ့ ပုံတူပန်းချီလေးကို "နှလုံးလှ လူမိုက်" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးဆွဲပေးခဲ့တာကြောင့် မင်းမော်ကွန်းတစ်ယောက် ကျေးဇူးတင်ဂုဏ်ယူရင်း သူ့ရဲ့ Facebookစာမျက်နှာလေးမှာ မျှဝေကာ ဒီဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T