“My Name” ဇာတ်ကားကို 'Extracurricular' ရဲ့ဒါရိုက်တာ Kim Jin Min ကရိုက်ကူးထားတာဖြစ်ပြီး Crime/Thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။
Han So Hee က တော့ ပရိသတ်ကြားမှာ လက်တလော ရေပန်းစားနေတဲ့ တောင်ကိုရီးယား မင်းသမီးချော လေးပါ။ The World of the Married ဆိုတဲ့ ဒရမ်မာဇာတ်ကားထဲမှာတော့ သူမရဲ့ ဇာတ်ကောင်က ဗီလိန် ဆိုပေမယ့် အရမ်းကိုလှပတဲ့ ရုပ်ရည် နဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အားလုံးက သတိထားမိခဲ့တာပါ။ Nevertheless ဆိုတဲ့ ဒရမ်မာဇာတ်ကားထဲမှာလဲ နာဘီဆိုပြီး နာမည်ကြီးခဲ့ပါသေးတယ်။
“My Name” ဇာတ်ကားထဲမှာ Han So Hee ကိုတော့ သူမအဖေသေဆုံးမှု နောက်ကွယ်ကအမှန်တရားကိုစုံစမ်းဖို့အတွက် ရဲဌာနထဲဝင်ရောက်ခဲ့တဲ့ ရဲမေ Yoon Ji Won အဖြစ်မြင်တွေ့ရမှာပါ။
'My Name' ဟာ ‘26th Busan International Film Festival' မှာလည်း ပြသဖို့ရွေးချယ်ခံထားရပါသေးတယ်။ Han So Hwee က ဆံပင်တိုတိုနဲ့ အနက်ရောင်သားရေဂျာကင်အင်္ကျီကိုဝတ်ဆင်ပြီး Ji Won အဖြစ် Character အသစ်နဲ့ မြင်တွေ့ရမှာပါ။
Han So Hee ကိုမြင်တွေ့နေကျမဟုတ်တဲ့ ကာရိုက်တာအနေနဲ့မြင်တွေ့ရမှာမို့ ကာရိုက်တာအဆန်းလေးနဲ့ ကောင်မလေး ဘယ်လောက်ထိကြိုးစားထားမလဲဆိုတာကို Oct 15 ရက်နေ့မှာကြည့်ရတော့မှာပါ။