ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်ခြင်းခံလိုက်ရပေမယ့် (၆)မိနစ်အတွင်း (၃)ဂိုးပြန်သွင်းပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အဲဗာတန်အသင်းရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/1d/1d8645dc4de3451d25ca5514e986e74040cda010.jpg
အားကစားသတင်းများ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်ခြင်းခံလိုက်ရပေမယ့် (၆)မိနစ်အတွင်း (၃)ဂိုးပြန်သွင်းပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အဲဗာတန်အသင်းရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ (၁၄)ရက်နေ့ ယနေ့မနက်မှာတော့ အဲဗာတန်အသင်းနဲ့ ဘန်လေအသင်းတို့ ပရီးမီးယားလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။နည်းပြဘင်နီတပ်စ်ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းဟာ လူစုံထုတ်သုံးလာခဲ့တာ ဖြစ်ပေမယ့် ဘန်လေအသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ် ။ ဘန်လေအသင်းကလည်း လူစုံထုတ်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဘန်လေအတွက် ဦးဆောင်ဂိုးကို အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ben mee ကပွဲချိန် (၅၃)မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဲဗာတန်အသင်းတို့ ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းခံရပေမယ့် အကောင်းဆုံးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူကာ (၃)ဂိုး (၁)ဂိုးနဲ့ အဲဗာတန်အသင်းတို့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဥ်မှာ ထူးခြားတာတစ်ခုက အဲဗာတန်အသင်းဟာ (၆)မိနစ်အတွင်း ပြိုင်ဘက်အသင်းကို (၃)ဂိုးအထိ ဂိုးသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းအတွက် ဂိုးတွေကိုတော့ Gray ၊ Townsend ၊ Keane တို့က ပွဲချိန် (၆၀)မိနစ်၊ (၆၅)မိနစ်၊ (၆၆)မိနစ်တို့မှာ တစ်ဂိုးစီသွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘန်လေအသင်းကို ဂိုးပြတ်အနိုင်ရရှိတာကြောင့် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဒ်ချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ အပေါ်အဆင့်(၄)နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဘန်လေအသင်းကတော့ အဆိုပါရှုံးပွဲကြောင့် တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားပြီး အဆင့်(၁၈)နေရာမှာ  ရပ်တည်လျက်ရှိနေပါတယ်။ ဘန်လေအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အဲဗာတန်အသင်းရဲ့ ဟိုက်လိုက်ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T