အထိုင်များသူတွေအတွက် ငွေကြေးလုံးဝမကုန်ဘဲ ဝိတ်ချနိုင်တဲ့ အလွယ်ကူဆုံး အချက် (၅) ချက်

//s9.kh1.co/59/59c2641e42fe4c9efedad0a9e4f9fdafc3c3f31c.png
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၃-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

အလုပ်လုပ်ရင်းနဲ့ ဝိတ်ချနိုင်တဲ့ နည်းလေးတွေကို သိချင်တယ်ဆိုရင်တော့ ......

ကိုယ်အလေးချိန်လျော့ချဖို့နဲ့ ကိုယ်ခန္ဓာကျန်းမာရေးကောင်းမွန်ရန်အတွက် လေ့ကျင့်ခန်းလုပ်ပေးတာက အထိရောက်ဆုံးသောနည်းလမ်းများထဲမှာ တစ်ခုအပါအဝင်ပါ။ ဒါပေမယ့်လည်း တစ်နေကုန်အလုပ်စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေရရင်တော့ ဝိတ်တက်လာကြပါတယ်။ ဒါကြောင့် အထိုင်များသူတွေအတွက် ငွေကြေး လုံးဝမကုန်ဘဲ ဝိတ်ချနိုင်တဲ့ အလွယ်ကူဆုံး အချက် ( ၅)ချက်ကို ဖော်ပြပေးပါ့မယ်နော်။

1. ခဏခဏ မတ်တပ်ရပ်ပေးပါ

Photo Credit from Google
Photo Credit from Google

တစ်နာရီမတ်တပ်ရပ်တာက ထိုင်တာထက် ကယ်လိုရီ ၅၀လောင်ကျွမ်းစေပါတယ်။ဒါကြောင့် စားပွဲတစ်နေကုန် ထိုင်နေတာထက်စာရင် အစာစားပြီးချိန်မှာ ခဏလောက် မတ်တပ်ရပ်ခြင်းဖြင့် အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

2. တစ်နာရီကြာတိုင်း ၂မိနစ် လမ်းလျှောက်ပါ။

Photo Credit from Google
Photo Credit from Google

တစ်နာရီကြာအောင် အလုပ်စားပွဲမှာ ထိုင်ပြီးတာနဲ့ ရုံးထဲမှဖြစ်ဖြစ် ၊ Work from home ဆိုလဲ အိမ်မှာပဲဖြစ်ဖြစ် ၂မိနစ်စာ လမ်းလျှောက်တာမျိူး လုပ်ပေးသင့်ပါတယ်။

3. ရေများများသောက်ပါ

Photo Credit from Google
Photo Credit from Google

ရေများများသောက်တာက ကိုယ့်ရဲ့ပင်ပန်းမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ ဒါအပြင် ဗိုက်တင်းစေတာမို့ အစာခဏခဏစားခြင်းကိုလဲ လျော့ကြစေပါတယ်။

4. ပီကေစားပါ

Photo Credit from Google
Photo Credit from Google

အလုပ်လုပ်နေရင်း ပီကေစားတာကို စိတ်ဖိစီးမှုကို လျော့စေတဲ့အပြင် ဗိုက်မှာအဆီစုတာကိုလည်း ကာကွယ်ပေးပါတယ်။

5. ရေနွေးကြမ်းသောက်ပါ။

Photo Credit from Google
Photo Credit from Google

ကော်ဖီထက်စာရင် ရေနွေးကြမ်းမှာ အဆီတွေကိုလောင်ကျွမ်းဖို့ကိုအားပေးတဲ့ catechins ပါဝင်တာမို့ ဝိတ်ချချင်တဲ့သူတွေ သောက်သင့်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T