ပိုလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းခံရတဲ့ အင်္ဂလန်ကစားသမားတွေဘက်ကနေ ရပ်တည်ပြီး လေးစားစရာလုပ်ရပ်ကို ပြုလုပ်ခဲ့တဲ့ လီဝန်ဒေါ့စကီး

//s9.kh1.co/bc/bcaa9fde646d6af4840022ec75e66e188dfb08b8.jpg
အားကစားသတင်းများ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပိုလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းခံရတဲ့ အင်္ဂလန်ကစားသမားတွေဘက်ကနေ ရပ်တည်ပြီး လေးစားစရာလုပ်ရပ်ကို ပြုလုပ်ခဲ့တဲ့ လီဝန်ဒေါ့စကီး

စက်တင်ဘာလ(၉)ရက်နေ့ ယနေ့မနက်မှာတော့ အင်္ဂလန်အသင်းနဲ့ ပိုလန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ အင်္ဂလန်အသင်းတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်မိနစ်(၉၀)ကျော်မှာ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။အင်္ဂလန်အသင်းရဲ့ ဦးဆောင်ဂိုးကိုတော့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟာရီကိန်းက ပွဲချိန် (၇၂)မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပြီး ပိုလန်အသင်းအတွက် ချေပဂိုးကိုတော့ ကွင်းလယ်လူ Szymanski က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အင်္ဂလန်အသင်းနဲ့ ပိုလန်အသင်းတို့ ကစားခဲ့တဲ့ အဆိုပါပွဲစဥ်မှာ ထူးခြားတာတစ်ခုက ပိုလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ လီဝန်ဒေါ့စကီးဟာ လှောင်ပြောင်ခံရတဲ့ ပြိုင်ဘက်အင်္ဂလန်ကစားသမားတွေဘက်ကနေ ရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားတွေဟာ ပွဲမစတင်မီ ဒူးထောက်ပြီး လူမျိုးရေးခွဲခြားမှုဆန့်ကျင်ကြောင်း ပြသတဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားတွေက အဆိုပါလှုပ်ရှားမှုပြုလုပ်နေစဥ် ပိုလန်အသင်းပရိသတ်တွေက လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပိုလန်တိုက်စစ်မှူးလီဝန်ဒေါ့စကီးက လှောင်ပြောင်နေတဲ့ ပိုလန်အသင်းပရိသတ်တွေရဲ့ဘက်ကို လှည့်ပြီး လက်မောင်းက " Respect "ဆိုတဲ့စာသားကို လက်ညိုးနဲ့ ညွှန်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်အင်္ဂလန်ကစားသမားတွေဘက်ကနေ ရပ်တည်ပေးတဲ့ လီဝန်ဒေါ့စကီးရဲ့ လေးစားစရာကောင်းတဲ့ အဆိုပါလုပ်ရပ်ကို ဘောလုံးပရိသတ်တွေ တော်တော်များများက ချီးကျူးနေကြပါတယ် ။ ပိုလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို မနှစ်သက်ကြောင်း ပြသပြီး သူရဲ့လက်မောင်းက စာသားကို ညွှန်ပြနေတဲ့ တိုက်စစ်မှူးလီဝန်ဒေါ့စကီးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T