ဘရာဇီးအသင်းနဲ့မကစားမီ ဖရီးကစ်လေ့ကျင့်နေချိန်မှာ အရမ်းလှပပြီး တိကျသေသပ်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပြခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f8/f8c7cb066a1290fefbe541204e8456ebde4e911c.jpg
အားကစားသတင်းများ

 ၀၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဘရာဇီးအသင်းနဲ့မကစားမီ ဖရီးကစ်လေ့ကျင့်နေချိန်မှာ အရမ်းလှပပြီး တိကျသေသပ်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပြခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ(၆)ရက်နေ့ မနေ့ကတော့ ဘရာဇီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် ရင်ဆိုင်ကစားခဲ့ကြပါတယ်။ ပွဲစတင်ကစားပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဘရာဇီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ပွဲက ရပ်နားလိုက်ရပါတယ်။ အကြောင်းကတော့ ဘရာဇီးကျန်းမာရေးအဖွဲ့က သူတို့ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို အာဂျင်တီးနားကစားသမားတွေက ချိုးဖောက်တယ်ဆိုပြီး ကွင်းပြင်ခေါ်ဆောင်သွားရာကနေ ပွဲပျက်သွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘရာဇီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ဘယ်အချိန်ပြန်ကစားမယ်ဆိုတာ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ မက်ဆီနဲ့ နေမာတို့ သူငယ်ချင်းနှစ်ယောက်ကို ပြိုင်ဘက်တွေအဖြစ် ပြန်မြင်ရမှာမို့ ဘောလုံးပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေစဥ်မှာပဲ ယခုလိုပွဲပျက်သွားလို့ စိတ်မကောင်းဖြစ်နေကြပါတယ်။ ဘရာဇီးအသင်းနဲ့ စတင်မကစားမီ ဖရီးကစ်လေ့ကျင့်နေတဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ယက်ထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မက်ဆီဟာ ဘရာဇီးအသင်းနဲ့မကစားမီ ဖရီးကစ်လေ့ကျင့်နေချိန်မှာ အရမ်းလှပလွန်းပြီး တိကျသေသပ်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပြခဲ့တာ ဖြစ်ပါတယ်။ ဂိုးတိုင်ထောင့်ထဲကို ဘောလုံးက ကွက်တိဝင်သွားခဲ့တာ ဖြစ်ပြီး စ​ကေးတိကျလွန်းတဲ့ အဆိုပါဗီဒီယိုဖိုင်ဟာ ကြည့်ရူသူပရိသတ်တွေလည်း များပြားလျက်ရှိနေပါတယ်။ ဂိုးသမားဖမ်းမရဘဲ ဂိုးတိုင်ထောင့်လေးထဲကို ဝင်သွားအောင် လှလှပပဂိုးသွင်းယူပြခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T