လဲကျသွားပေမယ့် ပြန်ရုန်းထပြီး ပြိုင်ဘက်ကစား သမား(၄)ဦးကို ကျော်ဖြတ်ကာ လှလှပပဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး Guedes ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/12/1249d114595e46c2c5668b29da61f43cee0ac83e.jpg
အားကစားသတင်းများ

 ၀၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လဲကျသွားပေမယ့် ပြန်ရုန်းထပြီး ပြိုင်ဘက်ကစား သမား(၄)ဦးကို ကျော်ဖြတ်ကာ လှလှပပဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး Guedes ရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ သြဂုတ်လ (၂၈)ရက်နေ့က ဗလင်စီယာအသင်းနဲ့ အလာဘတ်အသင်းတို့ဟာ လာလီဂါပွဲစဥ်(၃)အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဗလင်စီယာအသင်းက အလာဘတ်အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲစဥ်မှာ သုံးဂိုးမြောက် အနိုင်ဂိုးကို ပွဲစဥ်(၆၀)မိနစ်မှာ တောင်ပံတိုက်စစ်မှူးဖြစ်တဲ့ Guedes က လှလှပပသွင်းယူပေးခဲ့ပါတယ်။ အလာဘတ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ အဆိုပါသွင်းဂိုးဟာ ယခုမှာတော့ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ လူကြည့်များနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါဗီဒီယိုဖိုင်ထဲမှာ ဘောလုံးဆွဲပြေးလာတဲ့ တိုက်စစ်မှူး Guedes ဟာ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်မိပြီး လဲကျသွားပေမယ့် ပြန်ရုန်းထပြီး ပြိုင်ဘက်အသင်းရဲ့ ကစားသမား(၄)ယောက်ကို ကျော်ဖြတ်ကာ လှလှပပ ဂိုးသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်က လဲကျအောင် ပြုလုပ်ပေမယ့် ပြန်ရုန်းထပြီး အံ့သြမှင်သက်စရာကောင်းတဲ့ ဂိုးကို သွင်းယူခဲ့တဲ့ Guedes ကို ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ အဆိုပါသွင်းဂိုးဟာ Guedes အတွက် ယခုနှစ်ပထမဆုံး လာလီဂါသွင်းဂိုးပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အသက်(၂၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗလင်စီယာတောင်ပံတိုက်စစ်မှူး Guedes ဟာ ယခုမှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံထားရတာကြောင့် နိုင်ငံလက်ရွေးစင်အသင်းမှာ သွားရောက်ကစားနေပါတယ်။ Guedes ဟာ အိုင်ယာလန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ လူစားဝင်ကစာသမားအဖြစ် ပါဝင်ခဲ့သလို ကာတာအသင်းနဲ့ ချစ်ကြည်ရေးပွဲမှာလည်း ဝင်ရောက်ကစားခဲ့ပါတယ်။ အလာဘတ်အသင်းဘက်ကို လှလှပပဂိုးသွင်းယူပြီး လူမှုကွန်ယက်ထက်မှာ လူကြည့်များနေတဲ့ Guedes ရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T