ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ပေမယ့် ပြင်သစ်အသင်းမှာတော့ ဂိုးပေါက်ရှာတွေ့ခဲ့ပြီး အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးမာရှယ်

//s9.kh1.co/b1/b14764a61e0564830cfb9494522899c811ab87b7.jpg
အားကစားသတင်းများ

 ၀၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ပေမယ့် ပြင်သစ်အသင်းမှာတော့ ဂိုးပေါက်ရှာတွေ့ခဲ့ပြီး အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးမာရှယ်

မနေ့ညကတော့ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းနဲ့ ယူကရိန်းအသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ မန်ယူတိုက်စစ်မှူးဖြစ်တဲ့ မာရှယ်တစ်ယောက် ပွဲထွက်ကစားခဲ့ပြီး ​​ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးမာရှယ်ဟာ ယူရိုဖလားကစားခဲ့စဥ်တုန်းက ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်းမရှိဘဲ ယခုတစ်ကြိမ်မှ ရွေးချယ်ခံခဲ့ရသလို ယူကရိန်းအသင်းနဲ့ ကစားခဲ့တဲ့ မနေ့က ပွဲစဥ်မှ ပွဲထွက်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တိုက်စစ်မှူးမာရှယ်ဟာ တတ်ကြွခြင်းမရှိတဲ့ သူရဲ့ကစားပုံကြောင့် မန်ယူအသင်းပရိသတ်တွေသာမက တစ်ခြားပရိသတ်တွေရဲ့ ဝေဖန်ခြင်းကိုပါ ခံထားရသူ ဖြစ်ပါတယ်။ မာရှယ်ဟာ မန်ယူအသင်းရဲ့ လက်ရှိရာသီအဖွင့်ပွဲစဥ် (၃)ပွဲမှာလည်း (၁)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုမှာတော့ တိုက်စစ်မှူး မာရှယ်တစ်ယောက် ပြင်သစ်အသင်းအတွက် ခြေစွမ်းပြပြီး ယူကရိန်းအသင်းဘက်ကို ပွဲချိန်မိနစ်(၅၀)မှာ အဖိုးတန်​ချေပဂိုးသွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မာရှယ်တစ်ယောက် အဖိုးတန်​ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် ပြင်သစ်အသင်းကတော့ သရေတစ်မှတ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် (၃)ပွဲကစားခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တဲ့ မာရှယ်တစ်ယောက် ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး မာရှယ်တစ်ယောက် ကလပ်အသင်းမှာ ယခုလို​ခြေစွမ်းဆက်လက် ပြသနိုင်မလားဆိုတာ ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T