သူထွက်သွားပြီးနောက်ပိုင်း ကျိန်စာသင့်ခဲ့တဲ့ ကျောနံပတ်(7)ကို ပြန်ဝတ်ဆင်မယ့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကြီး စီရိုနယ်ဒို

//s9.kh1.co/da/da33823bc1ff389b9725924b4f5fc10efb6307ce.jpg
အားကစားသတင်းများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သူထွက်သွားပြီးနောက်ပိုင်း ကျိန်စာသင့်ခဲ့တဲ့ ကျောနံပတ်(7)ကို ပြန်ဝတ်ဆင်မယ့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကြီး စီရိုနယ်ဒို

ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ စီရိုနယ်ဒိုတစ်ယောက် နိုင်ငံတကာပွဲစဥ်တွေ ကစားပြီးရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းပြီး ရာသီအစပွဲစဥ်တွေကို ဝင်ရောက်ကစားတော့မှာပဲ ဖြစ်ပါတယ်။စီရိုနယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို တစ်ကျော့ပြန်လာခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ မန်ယူပရိသတ်တွေ မက်ခဲ့ရတဲ့ အိမ်မက်ဟာလည်း အမှန်တကယ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ စီရိုနယ်ဒိုဟာ မန်ယူအသင်းက မထွက်ခွာခဲ့စဥ်တုန်းက ကျောနံပတ်(7)ဝတ်ဆင် ကစားခဲ့ပြီး ဆုဖလားတွေများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စီရိုနယ်ဒို ထွက်ခွာသွားပြီးနောက်မှာတော့ မန်ယူအသင်းရဲ့ ကျောနံပတ်(7)ကို ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေဟာ ​ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီး ကျောနံပတ်(7)ဟာလည်း ကျိန်စာသင့်နေခဲ့ပါတယ်။ ယခုမှာတော့ စီရိုနယ်ဒိုတစ်ယောက် မန်ယူအသင်းဆီ တစ်ကျော့ပြန် ရောက်လာခဲ့ပြီဖြစ်ပြီး ကျိန်စာသင့်နေခဲ့တဲ့  ကျောနံပတ်(7)ကို ပြန်လည်ဝတ်ဆင်မလား၊ယခုလက်ရှိဝတ်ဆင်နေတဲ့ ကာဗာနီကရော ကျောနံပတ်(7)ကို ပေးပါ့မလားဆိုတာက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ယခုမှာတော့ မန်ယူအသင်းဟာ ကျောနံပတ်(7)ကို စီရိုနယ်ဒိုတစ်ယောက် ဝတ်ဆင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တစ်ချိန်တုန်းက အောင်မြင်ခဲ့တဲ့ ကျောနံပတ်(7)ကို ပြန်ဝတ်ဆင်ပြီး စီရိုနယ်ဒိုတစ်ယောက် မန်ချက်စတာယူနိုက်တက်အသင်းကို အရင်လိုဆုဖလားတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ပါ့မလားဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ စီရိုနယ်ဒိုမရောက်ရှိခင်တုန်းက ကျောနံပတ်(7)ဝတ်ဆင်ခဲ့တဲ့ ကာဗာနီကတော့ နံပတ်(21)ကို ပြောင်းလဲဝတ်ဆင်မှာပဲ ဖြစ်ပါတယ်။ အသင်းကို ပြန်ရောက်လာတဲ့ ဂန္တဝင်ကစားသမားစီရိုနယ်ဒိုတစ်ယောက်  စက်တင်ဘာလ (11)ရက်နေ့မှာ ကန်မယ့် နယူးကာဆယ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T