ပုံရိပ်မြင့်မားတဲ့ ဂန္တဝင်ကစားသမားမက်ဆီရဲ့ ကျောနံပတ်(၁၀)ကို ဆက်ခံခဲ့တဲ့ လူငယ်​ကစားသမားလေး အန်ဆူဖာတီ

//s9.kh1.co/e7/e7854755484648ff1ea47dc51cb4afdf818d41bc.jpg
အားကစားသတင်းများ

 ၀၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပုံရိပ်မြင့်မားတဲ့ ဂန္တဝင်ကစားသမားမက်ဆီရဲ့ ကျောနံပတ်(၁၀)ကို ဆက်ခံခဲ့တဲ့ လူငယ်​ကစားသမားလေး အန်ဆူဖာတီ

ဘာစီလိုနာအသင်းကို ဆုဖလားတွေများစွာရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတစ်ယောက် PSG အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးထဲက ဘာစီလိုနာအသင်းကို ရောက်ရှိလာပြီး ကျောနံပတ်(၁၀)ကို စွဲမြဲစွာဝတ်ဆင်ခဲ့တဲ့ မက်ဆီရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲကလည်း ဘောလုံးပရိသတ်တွေကို ကြေကွဲစေခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိတဲ့ ဂန္တဝင်ကစားသမား မက်ဆီတစ်ယောက် အသင်းကထွက်ခွာပြီးချိန်မှာ သူရဲ့ ကျောနံပတ်(၁၀)ကို ဘယ်သူက ဆက်ခံမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘာစီလိုနာအသင်းပရိသတ်တွေက ဂန္တဝင်ကစားသမားဖြစ်တဲ့ မက်ဆီရဲ့ ကျောနံပတ်(၁၀)ကို အနားပေးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ယခုမှာတော့ ဘာစီလိုနာအသင်းက လူငယ်ကစားသမားလေး အန်ဆူ ဖာတီကို နံပတ်(၁၀)ဝတ်ဆင်စေခဲ့ပါတယ်။ အစောပိုင်းကာလတွေတုန်းကတော့ မက်ဆီရဲ့ ကျောနံပတ်ကို ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ အဂူရို၊ကော်တင်ဟိုတို့ထဲက တစ်ယောက်က ဆက်ခံလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ နာမည်ကျော် ကျောနံပတ်(၁၀)ကို ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ အန်ဆူဖာတီဆီ ယုံယုံကြည်ကြည်နဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တိုက်စစ်မှူးဂရစ်စမန်းတစ်ယောက် ထွက်ခွာသွားသလို ကျောနံပတ်(၁၀)ဝတ်ဆင်ခွင့် ရရှိခဲ့တာကြောင့်လည်း အန်ဆူဖာတီတစ်ယောက် ယခုနှစ်ရာသီပွဲစဉ်အားလုံးနီးပါးကို ပွဲထွက်ကစားရဖို့ ရှိနေပါတယ်။တစ်ဖက်မှာလည်း ပုံရိပ်မြင့်မားတဲ့ ကျောနံပတ်(၁၀)ကို ဆက်ခံခဲ့တဲ့ အန်ဆူဖာတီတစ်ယောက် ဖိအားတွေများပြီး ခြေစွမ်းမပြနိုင်မှာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ အန်ဆူဖာတီကတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီပိုင်း ၊ အဂွဲရိုး၊ ဘရက်ဝေးလ် ၊ ဒီယောင်တို့နဲ့ တွဲဖက်ကစားရတော့မှာပဲ ဖြစ်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T