အိုင်ယာလန်နဲ့ပွဲမှာ ( ၂)ဂိုးသွင်းယူခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာတဲ့ စီရိုနယ်ဒိုရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/a8/a8f9be56bc483783313e55bd70816784dbb3336a.jpg
အားကစားသတင်းများ

 ၀၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အိုင်ယာလန်နဲ့ပွဲမှာ ( ၂)ဂိုးသွင်းယူခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာတဲ့ စီရိုနယ်ဒိုရဲ့ ဗီဒီယိုဖိုင်

မနေ့ညကတော့ နာမည်ကျော်ကစားသမားတွေများစွာ ပါဝင်တဲ့ ပေါ်တူဂီအသင်းနဲ့ အိုင်ယာလန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ကြပြီး စီရိုနယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ အိုင်ယာလန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ ပေါ်တူဂီအသင်းတို့ ရှုံးနိမ့်နေတာဖြစ်ပြီး ဒုတိယပိုင်း (၈၉)မိနစ်နဲ့( ၉၀)မိနစ်တို့မှာ စီရိုနယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အိုင်ယာလန်အသင်းနဲ့ ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ စီရိုနယ်ဒိုဟာလည်း စံချိန်သစ်ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါစံချိန်သစ်ကတော့ သွင်းဂိုး(111)ဂိုးနဲ့ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရိုနယ်ဒိုကတော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်း သွင်းဂိုးတွေ သွင်းယူရင်း သက်​သေပြလိုက်တာ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းကမှ အသင်းဆီရောက်ရှိလာတဲ့ စီရိုနယ်ဒိုတစ်ယောက် ယခုလိုနိုင်ငံတကာပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဝမ်းသာပျော်ရွှင်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ စီရိုနယ်ဒိုအတွက်လည်း သူရဲ့ပရိသတ်တွေက ဝမ်းသာဂုဏ်ယူနေကြပါတယ်။ စီရိုနယ်ဒိုကတော့ နိုင်ငံတကာပွဲစဥ်တွေကစားပြီးရင် အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တရားဝင်ပူးပေါင်းမှာဖြစ်ပြီး အဆိုပါအချိန်ကို ဘောလုံးပရိသတ်တွေတော်တော်များများက စောင့်မျှော်နေကြပါတယ်။ နောက်ဆုံးမိနစ်အရောက်မှ အိုင်ယာလန်အသင်းဘက်ကို လှပတဲ့ အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့ စီရိုနယ်ဒိုရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T