အာဆင်နယ်အသင်းရဲ့ ငွေကြေးအခက်အခဲတွေကို နားလည်တာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတဲ့ ဝီလီယံ

//s9.kh1.co/a9/a9fa6972bd534bd41781a8fdedee04f1a83e53d2.jpg
အားကစားသတင်းများ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အာဆင်နယ်အသင်းရဲ့ ငွေကြေးအခက်အခဲတွေကို နားလည်တာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတဲ့ ဝီလီယံ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ ဝီလီယံတစ်ယောက် ဘရာဇီးကလပ်ဖြစ်တဲ့ ကိုရီသီယန်အသင်းကို ​အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရတာဖြစ်ပါတယ်။ ယခုရာသီမှာတော့ အာဆင်နယ်အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးရွားနေပြီး အဆင့်အောက်ဆုံးဖြစ်တဲ့ အဆင့် (၂၀)နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အာဆင်နယ်အသင်းဟာ ဒီရာသီအပြောင်းရွှေ့မှာ ငွေသုံးအကြမ်းဆုံးအသင်းဖြစ်ပြီး ယခုနှစ်နွေရာသီမှာ (၁၅၆)ဒသမ (၈)သန်းအထိ အများဆုံး အသုံးပြုခဲ့တာဖြစ်ပါတယ်။ကစားသမားသစ်တွေကြောင့် တစ်ဖက်မှာလည်း အသင်းက ကစားသမားဟောင်းတွေကို ရောင်းထုတ်ဖို့ပြင်ဆင်ခဲ့ပေမယ့် ဝယ်ယူမယ့်အသင်းမရှိဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။အာဆင်နယ်အသင်းမှာ လစာမြင့်မားစွာရရှိနေတဲ့ တိုက်စစ်မှူး ဝီလီယံကတော့ အသင်းရဲ့ အခက်အခဲတွေကို နားလည်တာမို့ စာချုပ်ဖျက်သိမ်းပြီး ယခုလိုဘရာဇီးကလပ်ဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဝီလီယံကတော့ အရံခုံမှာထိုင်ပြီး လစာ(၂)နှစ်စာချုပ်ဖြစ်တဲ့ ပေါင်သန်း(၂၀)ကို ထိုင်ယူလို့ရပေမယ့် အာဆင်နယ်အသင်းဘက်ကို ငဲ့ညှာပြီး ယခုလိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ယခုလို စာနာစိတ်အပြည့်နဲ့ အသင်းဘက်ကို ကြည့်ပေးတဲ့ ဝီလီယံကို အာဆင်နယ်အသင်းပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပရီးမီးယားလိဂ်ပရိသတ်တွေကို ချဲလ်ဆီးအသင်းနဲ့အတူ နှစ်ပေါင်းများစွာ ဖျော်ဖြေမှုတွေပေးစွမ်းခဲ့တဲ့ ဝီလီယံကို ပရီးမီးယားလိဂ်မှာ မမြင်တွေ့ရတော့မှာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T