စစ်မှုထမ်းခဲ့စဉ်ကာလအတွင်းမှာကို စစ်၀တ်စုံနဲ့လိုက်ဖက်ညီပြီး ချောမောလွန်းကြတဲ့ ကိုရီးယားအနုပညာရှင်များ

//s9.kh1.co/79/79108d9f531693bba736dd21dd7476f266902401.jpg
ဖျော်ဖြေရေးများ

 ၁၉-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုရီးယားရဲ့ဥပ‌ဒေအရ တော်တော်များများသိကြတဲ့အတိုင်း အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြားအမျိုးသား ဒါမှမဟုတ် လူငယ်တွေကစစ်မှုထမ်းကြရပါတယ်။  K-Drama မင်းသားတွေနဲ့ K-Pop idol တွေတော်တော်များများဒီစည်းမျဉ်းကနေကင်းလွတ်ခွင့်မရကြသလို အကုန်နီးပါး လိုလိုလားလားစစ်မှုထမ်းကြတာလည်းတွေ့ရပါတယ်။  အခုလို စစ်မှုထမ်းကြတဲ့အထဲမှာ စစ်၀တ်စုံ uniformနဲ့လည်း လိုက်ဖက်ညီပြီးချောမောခန့်ညားကြတဲ့ အနုပညာရှင် (၅)ဦးကိုဖော်ပြပေးချင်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

No.1 2PM's TaecYeon

Taecyeon (ခေါ်) Captian Korea ရဲ့ ရုပ်ရည်နဲ့ပက်သက်ပြီး ထွေထွေထူးထူးပြောစရာမလိုအောင်ကို ပြည့်စုံတဲ့အနုပညာရှင်ပါ။ Vicenzo ဒရမ်မာမှာလည်း အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Taecyeon ရဲ့ ကြွက်သားတွေနဲ့ပြေပြစ်လှတဲ့ ဘော်ဒီအချိုးအစားဟာ ပရိသတ်တွေအတွက် စွဲမက်စရာဖြစ်ခဲ့ပါတယ်။

Photo credit-Twitter
Photo credit-Twitter

No.2 Kim SooHyun

Kim SooHyunဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် စစ်မှုထမ်းခွင့်ကင်းလွတ်ခဲ့ပေမယ့်လည်း သူဟာပြည်သူ့၀န်ထမ်းအရာရှိအဖြစ် တာ၀န်ကျေပွန်စွာထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

No.3 Ji ChangWook

Ji ChangWook ဟာအလွန်ထက်မြက်တဲ့နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့အက်ရှင်ဒရမ်မာဇာတ်လမ်းတွဲများနဲ့ လူတိုင်းကိုရင်ခုန်စေအောင် ဆွဲဆောင်နိုင်တဲ့သူလည်းဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

No.4 Park HyungSik

"Strong Woman Do BongSoon" နဲ့ "Hwarang"ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိခဲ့တဲ့ Park HyungSikဟာလည်း စစ်၀တ်စုံuniformနဲ့ လိုက်ဖက်လွန်းလှတယ်လို့ သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

No.5 Jung HaeIn

Jung HaeIn သည်နာမည်မကျော်မီစစ်မှုထမ်းခဲ့ဖူးသော သရုပ်ဆောင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပါတယ်။ သူဟာ "While you were sleeping" ဒရမ်မာမှာ ပရိသတ်အားပေးမှုရရှိခဲ့ပြီး မကြာခင်လပိုင်းအတွင်းမှာလည်း BlackPinkအဖွဲ့၀င် Jisooနဲ့အတူ "Snowdrop" ဆိုတဲ့ ဒရမ်မာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T