လွတ်မြောက်နယ်မြေထဲမှာပဲ အခက်အခဲတွေ ဖြစ်နေတဲ့ကြားကနေ ကြည်နူးစရာကောင်းတဲ့ မွေးနေ့အလှူလေးကို ပြုလုပ်ခဲ့တဲ့ မေဦး

//s9.kh1.co/94/94c54302a59e4b909f33ced2a1cee02efb5daf2b.jpg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးရှင် နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ မေဦးကတော့ လူချစ်လူခင်ပေါများပြီး အေးအေးဆေးဆေး နေထိုင်တတ်တဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မေဦးဟာ ဖေဖော်ဝါရီလ ကနေစတင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေ ဒီမိုကရေစီတိုက်ပွဲကို အားမလျော့စေဖို့အတွက် အမြဲအားပေးနေခဲ့တာ တွေ့မြင်ရပါတယ်။

Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc

ယင်းနောက်မှာတော့ အာဏာရှင်လူတစ်စုက ၅၀၅(က)မတရားပုဒ်မတွေနဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တဲ့ အနုပညာရှင်တွေထဲမှာ မေဦးလည်း ပါသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မေဦးက လွတ်မြောက်နယ်မြေရှိ Free Burma Rangers အဖွဲ့နဲ့အတူ လက်တွဲပြီး နွေဦးတော်လှန်ရေး ဆင်နွှဲရန်အတွက် စစ်ပညာများသင်ကြားနေတာ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောထဲကို ရောက်နေပေမယ့်လည်း ချစ်တဲ့သူတွေအတွက် မကြာခဏ သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးတတ်တာ တွေ့ရပါတယ်။

Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc

ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့မှာတော့ မေဦးရဲ့ ပျော်ရွှင်စရာ မွေးနေ့ကို ကျရောက်ခဲ့ပါတယ်။ သူရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကြည်နူးပီတိဖြစ်စရာ အလှူလေးတစ်ခု ပြုလုပ်ခဲ့တာကို လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ လွတ်မြောက်နယ်မြေမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ခက်ခဲနေတဲ့ကြားကနေ ဝါဆိုသင်္ဃန်း၊ ဆန်ဆီနဲ့ နေ့ဆွမ်းကပ်လှူခဲ့တဲ့အပြင် စာသင်ကျောင်းက ကလေးတွေအတွက်လည်း အာဟာရဒါနများကျွေးမွေး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုအခြေနေတွေပဲ ရောက်ရောက် မွေးနေ့အတွက် တတ်နိုင်သလောက် အလှူလေးပြုလုပ်ခဲ့တာကတော့ တကယ့်ကို ကြည်နူးလေးစားစရာ ကောင်းလောက်ပါတယ်။ ပရိသတ်တွေလည်း ယနေ့ကျရောက်ခဲ့တဲ့ မေဦးရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ရင်း ဆုတောင်းမေတ္တာတွေပို့သပေးပါဦးနော်...။

Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc
Photo Credit - May Oo Fb Acc

သတင်း အရင်းအမြစ်Source- May Oo Fb Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T