နွယ်ငန်း (သို့မဟုတ်) အသားစားနွယ်ပင်တွေဟာ တောတောင်ထူထပ်တဲ့နေရာများမှာ ပေါက်ရောက်ပြီး သက်ရှိသတ္တဝါများကို ရစ်ပတ်စားသုံးကြပါတယ်။ ဒီနွယ်ပင်တွေရဲဲ့ လက်တံတွေဟာ ရေဘဝဲလက်တံတွေကဲ့သို့ လှုပ်ရွပြီး ရှင်သန်နိုင်တာက ထူးခြားလွန်းပါတယ်။
သတ္တဝါတွေကို ရစ်ပတ်စားသုံးရခြင်းအကြောင်းမှာ နွယ်ငန်းပင်တွေအတွက် လိုအပ်တဲ့ ြသဇာဓာတ်များဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အပြင် နိုက်ထရိုဂျင်ဓာတ်လည်း အရေးတစ်ကြီး လိုအပ်ပါတယ်။ အခြားအပင်တွေရဲ့ ခြေရင်းမှာ ပေါက်နေတာကြောင့် အစာရေစာ အလုံအလောက်ရရှိရန် မလွယ်ပါဘူး။ ထို့ကြောင့် သူတို့ရဲ့ အစာအာဟာရအတွက် အနားကိုရောက်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူစားသောက်ပြီး နိုက်ထရိုဂျင်ဓာတ်ကို ထုတ်ယူကြပါတယ်။
နွယ်ငန်းပင်တွေမှာ ဆင်နှာမောင်းနဲ့တူတဲ့ တင်တီကယ်အမျှင်များရှိပြီး မိမိတို့အနားကို သက်ရှိသတ္တဝါများရောက်လာပါက တွန့်လိမ် ရစ်ပတ်ပြီး အပင်ခြေရင်းသို့ ဆွဲယူတတ်ပါတယ်။ အရစ်ပတ်ခံရတဲ့ သတ္တဝါဟာ ရုန်းကန်တွန်းလှန်နိုင်ခြင်း မရှိပါက အပင်ခြေရင်းမှာပဲ သေကြေပျက်စီးရပါတယ်။ နွယ်ငန်း အပင်ငယ်မျိုးကို မြန်မာပြည်မှာလည်းတွေ့နိုင်ပြီး အာဖရိကမှာတော့ လူနဲ့တကွ သတ္တဝါကြီးများကိုတောင် ဖမ်းယူစားသောက်နိုင်တဲ့ နွယ်ငန်းပင်ကြီးများတောင် ရှိပါတယ်။
သတင်း အရင်းအမြစ်៖ Cracked