ရေအောက်အနက်ထဲထိ ငုတ်ခဲ့ပေမယ့် အသက်မသေပဲ ခန္ဓာကိုယ် အဆမတန် ကြီးထွားလာခဲ့တဲ့ ‌ငါးဖမ်းသမား

//s9.kh1.co/3c/3c02326184bcf36923534597f8c64ce1bccbcf7b.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Peru နိုင်ငံအတွင်းမှာတော့ ရေငုပ်ရာကနေ မတော်မဆမှုတစ်ခုဖြစ်ပြီး ခန္ဓာကိုယ် အဆမတန်ကြီးမားသွားခဲ့တဲ့ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ အမျိုးသားရဲ့နာမည်ကတော့ Alejandro Ramos ဖြစ်ပြီး သူဟာ ငါးဖမ်းသမားတစ်ယောက်ဖြစ်ပါတယ်။ မတော်မဆမှုဖြစ်ပေါ်ခဲ့ပုံကတော့ Ramos ဟာ ရေငုတ်နေစဉ် သူ့ရဲ့အပေါ်ကနေ ကုန်တင်‌သင်္ဘောတစ်စီး ဖြတ်သွားတာကိုခံခဲ့ရပြီး သင်္ဘောရဲ့ ဒလက်တွေက သူ့ရဲ့အသက်ရှူပိုက်တွေကို ဖြတ်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=346,q=100/af/afd745deba727e3ac2799a4136b9c088fa084cb6.jpg

Ramos အနေနဲ့လည်း ဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် ပင်လယ်ဟိုးအနက်ထဲထိကို ငုတ်သွားခဲ့ရပြီး အသက်ဘေးကနေ လွတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် Ramos ဟာ သူတစ်ခါမှမဆင်းခဲ့ဖူးတဲ့ ရေအနက်ထိကို ဆင်းခဲ့ရတာကြောင့် မျက်လုံးတွေလည်း ပြာနေခဲ့သလို ရေတွေကလည်း သူ့ရဲ့ဒဏ်ရာအပေါက်တိုင်းကနေ ခန္ဓာကိုယ်ထဲကို ဝင်ခဲ့ပါတယ်။ ရေပေါ်ကို ပြန်ရောက်တဲ့အခါမှာတော့ Ramos ဟာ ၃၀ ကီလိုဂရမ်လောက်ထိကို လေးလံနေခဲ့ပါတယ်။ ဒါ့အပြင် Ramos ဟာအပေါ်ကိုပြန်ရောက်ဖို့ အားသုံးပြီး ကူးခတ်ခဲ့ရတာကြောင့် သူ့ရဲ့ရင်ဘတ်တွေ လက်မောင်းတွေ နဲ့ ခါးက ကြွက်သားတွေဟာ ရောင်ရမ်းနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=461,q=100/1c/1c47fc6bdf7d49e07eecb04335dd2b6ef4e6cc18.jpg
https://s9.kh1.co/__image/w=615,h=461,q=100/e2/e2206a77b2a78271080dc7df875cb8ac0d2dfc7d.jpg

အဲ့ဒီနောက်မှာတော့ Ramos ရဲ့ ရောင်ရမ်းနေတဲ့ ကြွက်သားတွေဟာ အဆမတန်ကြီးမားလာခဲ့ပြီး သူ့ရဲ့ပုံစံဟာ နာမည်ကြီး ကာတွန်းဇာတ်ကောင် Popeye နဲ့ဆင်တူလာခဲ့ပါတယ်။ သူ့ရဲ့ဒီလိုဖြစ်လာတဲ့ ပုံစံကြောင့် Ramos ဟာ လူတွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ရပြီး တစ်ခါတစ်ရံ သတ်သေချင်စိတ်တောင် ဖြစ်ပေါ်ခဲ့ပါတယ်။ Ramos ဟာ ဒီလိုပုံစံကြီးနဲ့ နှစ်အနည်းငယ်လောက်ကြာအောင် နေလာခဲ့ရပြီးနောက် ကုသမှုတွေခံယူနေပေမယ့်လည်း ပုံမှန်လူသားတစ်ယောက်လိုတော့ ပြန်မဖြစ်သေးပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/eb/ebfb92b547701b1c7476ba472606fd6069b788bd.png

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T