မလိုအပ်ဘဲ အသက်ဆုံးရှုံးတာတွေ မဖြစ်ရလေအောင် စစ်မှန်တဲ့ အောက်စီဂျင်အိုး ရွေးချယ်နည်းကို ခွဲခြားပြခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/9b/9bce39d17996b2a94e33262ce16e8725aeb12e40.jpeg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ရောဂါကူးစက်မှုတွေကြောင့် အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေကို ပြည်သူတွေ အတော်လေး ရင်ဆိုင်နေကြရပါတယ် ။ ဒါကြောင့်လည်း အောက်ဆီဂျင်အိုးတွေကို အသည်းအသန် လိုက်ရှာဖွေနေတာတွေကို နေ့ရော ညရော တွေ့နေရပါတယ် ။ စေတနာရှင် ပြည်သူတွေကလည်း ကိုယ်ချင်းစာနာလို့ မွန်မြတ်တဲ့ စိတ်တွေနဲ့ အတတ်နိုင်ဆုံး ကူညီပေးကြတာကို လေးစားစွာတွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

တစ်ချို့သော အတ္တသမား လူတစ်စုကလည်း စီးပွားရေးပဲ မြင်ကာ အောက်ဆီဂျင်အိုးမဟုတ်တဲ့ အခြားသော အရာတွေကို လိမ်လည်ရောင်းချနေကြတာတွေ တွေ့ရပါတယ်။ ကိုယ့်မိသားစု အသည်းအသန်ဖြစ်နေချိန်မှာ ဇောနဲ့ ဝယ်ယူခဲ့ပေမယ့် တကယ်တမ်းသုံးမှ အခြားသော အငွေ့တွေ ရှူမိလို့ သေဆုံးနေကြတာတွေ မနည်းပါဘူး ။ ဒါ့အပြင် ငွေလိမ်လည်ကာ ရောင်းချ သွားသူတွေကလည်း ရှိနေလို့ တကယ်ကို ဘယ်လို အကြောင်းနဲ့မှ မလုပ်သင့်တာတွေပါ ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီနေ့မှာတော့ ပြည်သူတစ်ဦးက ဒီလို မသေဆုံးသင့်ဘဲ သေဆုံးနေရတာတွေမဖြစ်ရအောင် အောက်စီဂျင် သေချာရွေးချယ်ဝယ်ယူနိုင်ဖို့ သိသင့်တဲ့ အမှတ်သားပါ ပုံရိပ်တွေကို စေတနာ မေတ္တာအပြည့်နဲ့ ဝေမျှလာပါတယ် ။ ပရိသတ်ကြီးအားလုံးလည်း ဒီပုံရိပ်တွေကို သေချာကြည့်ပြီး အောက်ဆီဂျင် ဝယ်ယူတဲ့ အခါ အထောက်အကူ အများကြီး ပြုနိုင်စေရန် ရည်ရွယ်ပြီး ပြန်လည် ဖော်ပြပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။ 

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T