လမ်းရှင်းပေးနေချိန် တောင်ပြိုရေကြီးလာလို့ ရေစီးထဲမျောပါပြီး လမ်းလုပ်သား (၁၁) ဦး ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်

//s9.kh1.co/4a/4a660453cd6cbc951d87917f12311d54897b0036.jpeg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး မြေပြိုကာ လမ်းလုပ်သား (၁၂)ဦး ရေထဲမျောပါသွားတယ်လို့ သိရပါတယ်..။

လမ်းရှင်းပေးနေတဲ့အချိန် တောင်ပြိုရေကြီးလာလို့ ရေစီးထဲမျောပါသွား လမ်းလုပ်သား(၁၂)ဦးထဲ (၁)ဦးကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ပေမယ့် (၁၁)ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်ပြို၊ လမ်းပိတ်နေတဲ့အတွက် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့က လမ်းရှင်းပေးနေစဉ် နောက်ထပ် တောင်ပြိုကျကာ ရေကြီးလာတဲ့အတွက် လမ်းလုပ်သားတွေ၊ စက်ယန္တာယားတွေ ရေစီးနဲ့အတူ မျောပါသွားကြတာ ဖြစ်ပါတယ်..။

လမ်းအထူးတပ်ဖွဲ့(၃)မှ ဦးအာကာကျော် အပါအဝင် ကျား(၈)ဦး၊ မ(၄)ဦး စုစုပေါင်း (၁၂)ဦးဟာ တောင်ကျချောင်းရေတိုက်စားပြီး တောင်ပြိုကျမှုကြောင့် ရေစီးနှင့်အတူ နမ့်လုံချောင်းအတွင်းသို့ မျောပါသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မိုင်းပျဉ်း − တာကောလမ်းပိုင်း ဆင်မောင်ကျေးရွာအုပ်စု (၇)မိုင်နှင့် (၉)မိုင်ကြားမှာ လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေတဲ့ လမ်းလုပ်သားများဖြစ်ပြီး (၁၁)ဦး ပျောက်ဆုံးနေသေးကြောင်းကိုတော့ ဒေသခံတစ်ဦးက ပြောပြလာတာ ဖြစ်ပါတယ်..။

မိုင်းပျဉ်းမြို့နယ်တွင် ချောင်းရေများ ပြန်ကျသွားပြီဖြစ်သော်လည်း မိုင်းပျဉ်း − တာကော လမ်းပိုင်းကိုတော့ ယာယီပိတ်ထားရပြီး နောက် (၂)ရက်ခန့်ထိ ဆက်လက်ပိတ်ထားရမှာဖြစ်တယ်လို့လည်း သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T