ရေကြီးရေလျှံမှုတွေဖြစ်ပြီး တံတားတစ်စင်းပါ ရေထဲမျောပါ ပျက်စီးသွားတဲ့အပြင် မြေပြိုကျမှုတွေပါ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ ရှမ်းအရှေ့ပိုင်းက မြို့နယ်တချို့

//s9.kh1.co/71/713a9b745403effd6ccf7dbf2bc280fc62fa6903.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံ မိုးရာသီကာလတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ပြည်နယ်ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါ နှစ်စဥ်နှစ်တိုင်း ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဇူလိုင်(၁၉) ရက်နေ့ကနေစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်ရှိ ကျေးရွာတွေမှာ တောင်ကျရေများဖြင့် ရေကြီးရေလျှံမှုတွေများ ဖြစ်ပေါ်နေတဲ့အပြင် တောင်ကမ်းပါးများ ပြိုကျမှုများ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရပါတယ်။

Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page

မိုင်းယောင်းမြို့နယ်အတွင်းမှာတော့ မိုးများဆက်တိုက် ရွာသွန်းခဲ့တာကြောင့် တောင်ကျရေများဟာ အနိမ့်ပိုင်းနေရာတွေက ရပ်ကွက်အချို့နှင့် ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ ၊ ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုးကျေးရွာများထဲသို့ ဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် မိုင်းပျဉ်းမြို့နယ် တာကော် (၇) မိုင်မှာလည်း တံတားတစ်စင်း ပျက်စီးခဲ့သလို တောင်ပြိုကျခြင်းကြောင့် လမ်းများ ပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page

ယခုလို တောင်ကမ်းပါးများ ပြိုကျခဲ့တာကြောင့် လမ်းတံတားပြုပြင်ဆောက်လုပ်နေတဲ့ ကားတွေလည်း ပျက်စီးဆုံးရှုံးသွားခဲ့တာတွေကို ယခုပုံတွေမှာ တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ တောင်ကမ်းပါးများ ပြိုကျခဲ့ပြီး ပိတ်ဆို့သွားတဲ့လမ်းတွေကို တာဝန်ရှိသူတွေက ဖယ်ရှားနေပြီလို့လည်း သိရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ရှမ်းပြည်နယ် အရှေ့ပိုင်းက မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်နေတဲ့ စိတ်မကောင်းစရာ မြင်ကွင်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page
Photo Credit - Shan news fb page

သတင်း အရင်းအမြစ်Source - Shan news fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T