မြန်မာနိုင်ငံရဲ့ပထမဦးဆုံး K Pop Idolအဖြစ် ကိုရီးယားမှာပွဲဦးထွက်ခဲ့တဲ့ Su Nadi Soe

//s9.kh1.co/cf/cf761b356a4621c3431b929cea301733889149da.jpg
ဖျော်ဖြေရေးများ

 ၁၄-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ Su Nadi Soeဟာ ဒီကနေ့မှာပဲ K popအဖွဲ့ဖြစ်တဲ့ Rumble Gဆိုတဲ့ အဖွဲ့အနေနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ Rumble Gဟာ 'Roopretelcham' ဆိုတဲ့ music videoတစ်ပုဒ်ကို ဒီကနေ့မှာထွက်ရှိလာတာဖြစ်ပြီး member 4ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Rumble G ကို WinnerZone Entertainment ကနေဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့၀င်လေးယောက်ကတော့ Ian, Didi, Bareum နဲ့ Gayunတို့ပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

မြန်မာမလေးဖြစ်တဲ့ Didi(Su Nadi Soe)ဟာ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး main vocalနဲ့ main rapper တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ  Korea Flim Universityကနေဘွဲ့ရရှိထားသူလေးလည်းဖြစ်ပြီးတော့ ယခင်ကလည်း Cover Songs  Cover Dance အစရှိတဲ့အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ Didiဟာ အင်္ဂလိပ်၊ ကိုရီးယားနဲ့ ဗမာစကားတို့ကိုကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Su Nadi Soe's Facebook acc
Photo credit-Su Nadi Soe's Facebook acc

အသက် ၂၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ ကိုရီးယားမှာ အနုပညာအလုပ်တွေလုပ်ကိုင်နေသလို မြန်မာ့ဒီမိုကရေစီအရေးမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါ၀င်ကူညီနေတာကိုတွေ့ရပါတယ်။ အခုလိုမြန်မာလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ Idolတစ်ယောက်အနေနဲ့ ပွဲဦးထွက်နိုင်ခြင်းက အင်မတန်ကိုဂုဏ်ယူစရာပါ။ Didiလေးတို့ရဲ့ Debut songကို Rumble G Entertainmentရဲ့ You Tube channelဖြစ်တဲ့ "Winner Zone World" မှာကြည့်ရှူနိုင်ပါတယ်။

Photo credit-Su Nadi Soe's Facebook acc
Photo credit-Su Nadi Soe's Facebook acc
Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Google

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T