ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးတွေနဲ့ ပရိတ်သတ်တွေအရည်ပျော်အောင် ဖမ်းစားနိုင်ကြတဲ့ ကိုရီးယားအနုပညာရှင်များ

//s9.kh1.co/ce/ce36af7d3391836d8c5d26148adeee1bd5874e50.jpg
ဖျော်ဖြေရေးများ

 ၁၃-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အပြုံးချိုချိုလေးတွေက လူတိုင်းရဲ့စိတ်ဝိညာဉ်ကိုဖမ်းစားစေနိုင်တာ အမှန်ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူတွေကိုဖမ်းစားနိုင်တဲ့အပြုံးအမျိုးမျိုးရှိကြပေမယ့် ပါးချိုင့်လေးနဲ့ အပြုံးလေးတွေကတော့ လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုပြီးဖမ်းစားနိုင်ကြတာကို တွေ့ရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ပါးချိုင့်လေးတွေနဲ့ ပရိသတ်တွေကို အရည်ပျော်စေနိုင်တဲ့ ကိုရီးယားမင်းသားလေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ် (၁)အနေနဲ့ဖော်ပြပေးချင်တဲ့သူကတော့ Kim SeonHoပါ။ သူဟာ မြန်မာပရိသတ်တွေရင်းနှီးပြီးသား မင်းသားတစ်ယောက်ဖြစ်ပြီး "Start-Up" ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဟန်ဂျီဖြောင်းအနေနဲ့ ပါ၀င်သရုပ်ဆောင်ခဲ့ပြီး second lead ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ပိုပြီးရခဲ့တာလို့‌တောင် ပြောလို့ရပါတယ်။ Kim SeonHoလို့ ပြောလိုက်တာနဲ့ သူ့ရဲ့ပါးချိုင့်လေးနဲ့ နှစ်လိုဖွယ်အပြုံးလေးကို တွဲပြီးမြင်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့သူလေးပါ။

Photo credit-Google
Photo credit-Google

နံပါတ်(၂) အနေနဲ့ဖော်ပြပေးချင်တာတော့ Kim MyungSooပါ။ သူ့ကို  INFINITE's Lလို့လူသိများကြပြီး အ‌ဆိုတော်တစ်ယောက်လည်းဖြစ်တဲ့အပြင် အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ချစ်စရာကောင်းပြီး နှစ်လိုဖွယ်အပြုံးလေးကြောင့် ပရိသတ်အတော်များများရဲ့ သည်းသည်းလှုပ်ချစ်ခင်အားပေးမှုကို ရရှိထားတာပါ။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

နံပါတ်(၃)ကတော့ Hyun Binပါ။ သူကတော့ မြန်မာပရိသတ်တွေနဲ့ တကူးတကမိတ်ဆက်ပေးစရာမလိုတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ပါ။ Hyun Binဟာ ကိုရီးယား industryထဲမှာလည်း ကျော်ကြားမှုအရှိဆုံးနဲ့ အံ၀င်ဂွင်ကျအဖြစ်ဆုံးသရုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးတဲ့သူပါ။ သူ့ရဲ့ ပေါ်လွင်ပြီး ယောကျာ်းပီသတဲ့ jaw lineကို ပါးချိုင့်လေးနဲ့အတူတွဲမြင်ရခြင်းက ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

နံပါတ်(၄)အနေနဲ့ ဖော်ပြပေးချင်တာက Kim MinKyu ပဲဖြစ်ပါတယ်။ သူဟာကိုရီးယားနန်းတွင်းဇာတ်ကားဖြစ်တဲ့ Queen:Love and Warဆိုတဲ့ ဇာတ်လမ်းတွဲမှာအောင်မြင်မှုတွေ စတင်‌ရရှိခဲ့ပြီး Backstreet Rookie ဆိုတဲ့ဇာတ်လမ်းတွဲမှာလည်း ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ အပြစ်ဆိုဖွယ်မရှိအောင်ချောမောတဲ့ရုပ်ရည်နဲ့ နှစ်လိုဖွယ်အပြုံးလေးကြောင့် ချစ်စရာခွေးပေါက်လေးအနေနဲ့တောင် တင်စားပြီး အချစ်ခံရတဲ့မင်းသားဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T