တစ်ကယ့်အတွဲတွေလို့ထင်ရလောက်အောင် ရိုက်ကွင်းပေါ်မှာ လိုက်ဖက်ညီလွန်းတဲ့ ကိုရီးယားဒရမ်မာစုံတွဲ (၅)တွဲ

//s9.kh1.co/93/932ec7a5618f01a77e74d4dd39954449e1b27f07.jpg
ဖျော်ဖြေရေးများ

 ၀၃-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုရီးယားဒရမ်မာတွေထဲမှာဆိုရင် အချစ်ဇာတ်လမ်းတွဲလေးတွေက ပရိသတ်တွေကြားမှာရေပန်းစားမှုအများဆုံးဇာတ်ကားလေးတွေဖြစ်ပြီး မြန်မာပရိသတ်တွေလည်း အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲလေးတွေဖြစ်ပါတယ်။ ဒီထဲမှာမှ ဇာတ်လမ်းတွဲထဲမှာ တစ်ဦးနဲ့တစ်ဦးအချိတ်အဆက်မိလွန်းတာကြောင့် လိုက်ဖက်လွန်းတဲ့ စုံတွဲ (၅)တွဲအနေနဲ့သတ်မှတ်ခြင်းခံရတဲ့ သူတွေကိုပြန်လည်ဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ်(၁)အနေနဲ့ Crash Landing On You ဇာတ်လမ်းတွဲထဲက Son Ye Jinနဲ့ Hyun Binပါ။ မြန်မာပရိသတ်တွေကြားမှာ ဗိုလ်ကြီးဆိုပြီး အတော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးရိုက်ပြီးတော့လည်း သူတို့နှစ်ဦးက တစ်ကယ့်ချစ်သူဘ၀ကိုရောက်ခဲ့ကြတာပါနော်။

Photo credit-Google
Photo credit-Google

နံပါတ်(၂)အနေနဲ့ It's Okay To Not Be Okay ဇာတ်လမ်းတွဲက Kim SooHyunနဲ့ Seo Ye Jiပါ။
နှစ်ယောက်လုံးက ရုပ်ရည်အရမ်းချောမောလွန်းတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမလိုအောင်ကို ပြည့်စုံလွန်းတဲ့သူတွေပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ်(၃)အနေနဲ့ Doom At Your Service ဇာတ်လမ်းတွဲက Park BoYoung နဲ့ Seo InGukပါ။ ဒီဇာတ်လမ်းလေးက Fantasy romance အမျိုးအစားလေးဖြစ်ပြီး အရမ်းရိုတာကြောင့် ပရိသတ်တွေအသည်းတယားယားနဲ့ကြည့်ရတဲ့ ဇာတ်လမ်းတွဲလေးပါ။

Photo credit-Google
Photo credit-Google

နံပါတ်(၄)အနေနဲ့ My Roommate Is A Gumiho ဇာတ်လမ်းထဲက Hyeri နဲ့ Jang KiYong တို့အတွဲလေးဖြစ်ပါတယ်။ နှစ်တစ်ထောင် ဂူမီဟို(မြေခွေး)နဲ့ တက္ကသိုလ်ကျောင်းသူလေးတို့ရဲ့ အသည်းယားစရာဇာတ်၀င်ခန်းတွေကြောင့် ပရိသတ်တွေရဲ့ လိုက်ဖက်ညီလွန်းတဲ့စုံတွဲအဖြစ် သတ်မှတ်ခံထားရတာပါ။

Photo credit-Google
Photo credit-Google

နံပါတ်(၅)အနေနဲ့  Youth of May ဇာတ်လမ်းတွဲထဲက Lee DoHyunနဲ့ Go Min Siတို့စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက Netflixရဲ့ Sweet Homeဇာတ်ကားမှာတည်းက ပရိသတ်တွေရဲ့အားပေးမှုရရှိထားတဲ့သူလေးပါ။ Youth Of Mayဇာတ်လမ်းလေးမှာဆိုရင်လည်း အရမ်းချစ်ရတဲ့ မြောင်ဟီးနဲ့ ဟီးထယ်အဖြစ်သရုပ်ဆောင်ထားပြီး sad endingလေးဖြစ်ခဲ့တဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေရော ဘယ်စုံတွဲလေးကို ပိုသဘောကျကြလဲ။ မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T