ရှောင်တိမ်းပုန်းခိုနေရပြီး အချိန်အတော်ကြာအိမ်မပြန်ရတာကြောင့် မိသားစုကို လွမ်းနေတဲ့စိတ်ဇောနဲ့ သူ့ရဲ့အိပ်မက်အကြောင်း ပြောပြလာတဲ့ ညီနန္ဒ

//s9.kh1.co/ed/ed74d96b23ee5d3cabcf6d2d9625cc109e2692fe.jpeg
အနုပညာရှင်များ

 ၁၆-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါပဲ..။

ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်..။

Photo Credit - Nyi Nanda's Fb Acc<br>
Photo Credit - Nyi Nanda's Fb Acc

လတ်တလောအခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာနေပြီဖြစ်တဲ့အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့် အိပ်မက် မက်ခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်..။

​မိသားစုကို နေ့နေ့ညည သတိရလွမ်းဆွတ်နေရပြီး အခုချိန်မှာ လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ အိမ်ပြန်ခြင်းကို အိပ်မက်ထဲမှာ ပြုလုပ်ခဲ့တဲ့အကြောင်းတွေကို လွမ်းလွမ်းဆွေးဆွေးလေး ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Nyi Nanda's Fb Acc<br>
Photo Credit - Nyi Nanda's Fb Acc

“အလွမ်း... ပြန်ချင်စိတ်ကြောင့်...

Photo Credit - Nyi Nanda's Fb Acc<br>
Photo Credit - Nyi Nanda's Fb Acc

အလွမ်း... ပြန်ချင်ဇောကြောင့်...

နေ့ခင်း... အိပ်မက်ထဲမှာ

အတွေး... အိပ်မက်ထဲမှာ

                အိမ်ပြန်ဖြစ်တယ်..” ဆိုပြီး သူ့ရဲ့အဖြစ်တွေကို ညီနန္ဒက ပြောပြထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် ကြိုးစားပါဝင်အားဖြည့်ခဲ့ပြီး မိသားစုတွေနဲ့ ခွဲခွာနေ နေရတဲ့ ညီနန္ဒကို ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nyi Nanda's Fb Acc<br>
Photo Credit - Nyi Nanda's Fb Acc

သတင်း အရင်းအမြစ်Nyi Nanda's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T