အဝေးတစ်နေရာကို ရောက်ရှိနေပြီး ကိုဗစ်ကူးစက်ခံထားရတဲ့ ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကို မပြုစုပေးနိုင်တာမို့ စိတ်မကောင်းဖြစ်နေတဲ့ စိုပြေမြင့်

//s9.kh1.co/b4/b419e906c8e8b7c8f4b8e8103db469efe76620ab.jpg
အနုပညာရှင်များ

 ၁၆-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

အဝေးတစ်နေရာကို ရောက်ရှိနေပြီး ကိုဗစ်ကူးစက်ခံထားရတဲ့ ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကို မပြုစုပေးနိုင်တာမို့ စိတ်မကောင်းဖြစ်နေတဲ့ စိုပြေမြင့်

MRTV - 4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင်စိုပြေမြင့်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရရှိနေပြီဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိဘဲ ပေါ့ပေါ့ပါးပါးနေထိုင်ပြောဆိုတတ်တဲ့ သူကတော့ ပရိသတ်တွေကိုပျော်ရွှင်ရယ်မောအောင်ပြုလုပ်လေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 

ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူကတော့ မိသားစုနဲ့ဝေးကွာနေပြီးအဝေးတစ်နေရာကို ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာ စိုပြေမြင့်တစ်ယောက်ဟာ မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ ကိုဗစ်ကူးစက်ခံထားရတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။သရုပ်ဆောင်စိုပြေမြင့်ကတော့ အဝေးတစ်နေရာကို ရောက်ရှိနေပြီး ကိုဗစ်ကူးစက်ခံထားရတဲ့ ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကို မပြုစုပေးနိုင်တာမို့ စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 

စိုပြေမြင့်ကတော့ " ကိုယ့်အဖေ နဲ့ အမေ မှ ဒီ COVID ရောဂါဆိုးကြီးကူးစက်ခံရတာ မြင်တော့ ဘယ်လိုခံစားချက်ကြီးဖြစ်သွားမှန်းကိုမသိတော့ဘူး ကိုယ်ကလည်းအဝေးရောက်နေတော့ ဘာမှလုပ်မပေးနိုင်ဘူး အမြန်ဆုံးပျောက်သွားမှာပါ ဖိုက်တင်းနော် lovely D&M ကူးစက်ပုံက အဖေကဆရာဝန်ဆိုတော့ ဆေးခန်းဖွင့်ရင်းကနေကူးစက်ရင်း အမေကိုပါကူးသွားတာပါဗျ ခုကျွန်တော်ပြောချင်တာက ရောဂါကိုမပေါ့ဆပါနဲ့ Mask တပ်ကြပါ အကာအကွယ်တွေနဲ့သွားကြပါ လက်ဆေးကြပါ အားလုံးလည်းဂရုစိုက်ဖို့ သတိပေးတာပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Source : so pyay myint 's facebook acc 

Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Photo credit: so pyay myint 's facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T