ကြက်သီးထစရာကောင်းလောက်အောင်မှန်လွန်းလို့ ပရိသတ်တွေအရမ်းသဘောကျနေတဲ့ မေဦးရဲ့ခပ်ပြတ်ပြတ်ရင်တွင်းစကားတစ်ချို့

//s9.kh1.co/e4/e4f57bc278c1a37664624be2cfd51453adb5cbdc.png
အနုပညာရှင်များ

 ၁၆-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ကိုယ်တိုင်ကအလှအပနှစ်သက်ပေမယ့် တိုင်းပြည်အရေးမှာတော့ ကိုယ်နှစ်သက်တာတွေ အားလုံးကို ပစ်ချပြီး ခက်ခဲကြမ်းတမ်းတဲ့တောထဲကိုဝင်ကာ တိုင်းပြည်အရေးအတွက် ကြိုးစားနေတဲ့ မိတ်ကပ်မေဦးဟာ လက်ရှိမှာသွေးအေးပြီး ပုံမှန်သွားလာနေကြသူတွေကို တိုင်းပြည်ဟာနွံထဲမှာပဲ ရှိနေသေးတဲ့အကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။ ခရီးသွားနေတဲ့ပုံတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်နေကြတဲ့ပုံတွေကို ကျဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားလို့ ရင်နဲ့အမျှခံစားနေရသူတွေကို စာနာသမှုနဲ့ မတင်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

ဒီနေ့မှာလည်း ကင်းမရွာတစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရတဲ့အဖြစ်အပျက်မှာ သူ့ရဲ့ခံစားချက်ကို " ယှဉ်ပြီး ပြောပြမယ်ရိုးရိုးလေးပဲတွေးကြည့်ပါခင်ဗျာ ဒီအချိန်မှာ စစ်သူပုန်တွေက မြို့တွေကို မီးရှို့ပြီးပြည်သူကို ဒုက္ခပေးတဲ့ သတင်းတင်ပေး share ပေးတာနဲ့ Vs ကိုယ့်အလှပုံတင်တာနဲ့ ဘယ်ဟာအကျိုးရှိစေမလဲ ? စစ်သူပုန်တွေမတရားလုပ်နေလို့ ပြည်သူတော်တော်များများ စစ်ရှောင်ဘဝနဲ့ဒုက္ခရောက်ကြလို့ ကိုယ့်နိုင်ငံနဲ့ ကမ္ဘာကသိအောင် တင်ပေးတဲ့သတင်းနဲ့ Vs bar တွေ Club တွေသွားမုန့်တွေသွားစားတဲ့ပုံတွေတင်တာနဲ့ ဘယ်ဟာကအကျိုးရှိစေမလဲ? NUG ကပြည်သူအတွက်ကြိုးစားပေးလို့ထူးလာတဲ့သတင်းတွေ စစ်သူပုန်တွေမတရားလုပ်လို့ ထွက်လာတဲ့သတင်းတွေကို ပြည်သူအားလုံးသိရအောင် တင်ပေးတဲ့သတင်းနဲ့ Vs ခင်မြဦး ဖြစ်ပြီး ရည်းစားဂယက်တွေ Korea ကားတွေကြည့် screen short တွေရိုက်ပြီးတင်ကြတဲ့ သတင်းတွေနဲ့ ဘယ်ဟာက အကျိုးရှိစေမလဲ ? " ဆိုပြီး စတင်မေးခွန်းထုတ်လာခဲ့ပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

ဒီနောက်မှာလည်း " နိုင်အောင်တိုက်နေရတဲ့ အခုချိန်လေးကိုကိုယ့်ရဲ့သေရေးရှင်ရေး အရေးကြီးတဲ့ မိသားစုအရေးကလွဲလို့ ပြည်သူ့အရေးတိုင်းပြည်အရေး အားလုံးရဲ့အရေးကို တက်နိုင်တဲ့ဖက်ကနေ ကူညီပေးကြပါလားခင်ဗျာ?? သေချာလေးတွေးတောဆင်ခြင်ပြီး တော်လှန်ရေးအတွက် ကူညီပေးကြပါခင်ဗျာ??❤️ ဒီစာရေးရတာလည်း တစ်နေ့တစ်နေ့ ပျော်ပါးစားသောက်တာတွေ မြင်နေရလို့အကူအညီတောင်းတာပါခင်ဗျာ အပြစ်ပြောတာ မဟုတ်ပါဘူးခင်ဗျာ နားလည်ပေးကြပါခင်ဗျာ??❤️ယနေ့အခြေအနေပေါက်မြို့နယ် ကင်းမရွာ ရဲ့ပုံကို နှလုံးသားနဲ့ခံစားပြီးကြည့်ပေးကာ အသိတရား ဦးနှောက်နဲ့ စဉ်းစားနိုင်ကြပါစေ?? " ဟုဆိုတာ ထပ်မံသတိပေးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း Brush ချပြီး တောထဲဝင်ခဲ့သူမို့ အားလုံးကိုလည်း သွေးမအေးစေချင်တဲ့ မေဦးရဲ့စိတ်ကတော့ လေးစားစရာပါ။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

သတင်း အရင်းအမြစ်May Oo's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T