ကျန်းမာရေးမကောင်းပေမယ့် ဝရမ်းထုတ်ခံထားရလို့ ဆေးခန်းတောင်မပြရဲကြောင်း ရင်ဖွင့်လာတဲ့ ကျော်ကျော်နန္ဒရဲ့ဗီဒီယို

//s9.kh1.co/3b/3b99e2b7c1244cabdd6d9cf28e0752efd49ab34c.png
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ကျော်ကျော်နန္ဒဟာ လက်ရှိမှာ (၅၀၅) (က) နဲ့ ဝရမ်းထုတ်ခံရလို့ တိမ်းရှောင်နေရသူတစ်ယောက်ဖြစ်ပါတယ်။ တကယ့်အကျပ်အတည်းကာလ တွေကိုရင်ဆိုင်ရတဲ့အချိန်မှာ ပြည်သူတွေဖက်ကရပ်တည်ခဲ့တဲ့အနုပညာရှင်တွေကို ပရိသတ်တွေက သေချာမှတ်သားထားကြမှာပါ။ ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း စားဝတ်နေရေးအခက်အခဲကြောင့် ပြည်သူတွေကိုအကူအညီတောင်းခံခဲ့ ပါသေးတယ်။ လက်ရှိမှာတော့ ကျန်းမာရေးလည်းမကောင်းဖြစ်နေပြီး အသည်းခဏခဏဖြစ်နေပေမယ့် ဆေးခန်းသွားပြဖို့ကို မဝံ့ရဲတာကြောင့် ဝေဒနာကိုအံကြိတ်ခံနေရကြောင်း Myanmarload Media ကို ပြောလာခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Nanda's FB Acc
Photo Credit - Kyaw Kyaw Nanda's FB Acc

ကိုယ်တိုင်ကဒီလိုအခက်အခဲတွေရင်ဆိုင်နေရပေမယ့် ပြည်သူတွေကို Covid ကပ်ရောဂါနဲ့ တခြားဘေးအန္တရာယ်တွေကိုဂရုစိုက်ရှောင်ရှားဖို့ စေတနာထားပြီးမှာကြားခဲ့ပါသေးတယ်။ ပထမရှောင်ပုန်းနေတဲ့နေရာကအဆင်ပြေပြီး ဒုတိယပြောင်းရွှေ့သွားတဲ့နေရာကတော့ ဝေးလည်းဝေးသလို နေရေးထိုင်ရေးလည်း အတော်လေးအဆင်မပြေဖြစ်နေကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။ မိသားစုနဲ့အဝေးမှာ နေရပြီး မိခင်ကလည်းနှလုံးရောဂါသည် ဖြစ်တာကြောင့် မိခင်ကိုပိုပြီးစိတ်ပူတဲ့အကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Photo Credit - Kyaw Kyaw Nanda's FB Acc<br>
Photo Credit - Kyaw Kyaw Nanda's FB Acc

မိသားစုလည်းဘေးလွတ်ရာကိုရွှေ့ပြောင်းနေရတာကြောင့် ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်စေဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ ဝရမ်းထုတ်ခံထားရသူတွေ ဘေးကင်းစေဖို့ ဆုတောင်းပေးလိုကြောင်း ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ သူ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အလိမ်အညာသတင်းတွေ တင်ကြတဲ့အခါ လွယ်လွယ်ကူကူမယုံကြည်ကြဖို့နဲ့ သူကိုယ်တိုင်တင်မှသာ ယုံကြည်ပေးကြဖို့ အသိပေးခဲ့ပါသေးတယ်။ ရောက်တဲ့နေရာတိုင်းမှာ ဘေးကင်းပါစေ ကျော်ကျော်နန္ဒရေ။

သတင်း အရင်းအမြစ်Exclusively by Myanmarload

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T