သူမရဲ့ပုံရိပ်ကိုအသုံးချပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ငွေကြေးလှူဒါန်းမှုတွေလုပ်ခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်

//s9.kh1.co/53/533cdbe58e2579414738ddaf3f8968d698c17839.png
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

Miss Universe Myanmar တစ်ယောက်ဖြစ်တဲ့ သူဇာဝင့်လွင်ဟာ ဆန်ဖရန်စစ္စကို အနီးမှာရှိတဲ့ Karen community မှ ဦးဆောင်ကျင်းပတဲ့ Fundraising ပွဲမှာ သွားရောက်အားဖြည့်ပေးခဲ့ပါတယ်။ ဒီပွဲကရရှိခဲ့တဲ့ အလှူငွေတွေကို စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးပစ္စည်းပံ့ပိုးနေတဲ့ အဖွဲ့အစည်းတွေလိုအပ်တဲ့ နေရာမှာအသုံးပြုနိုင်ဖို့ လှုဒါန်းမှာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ဒီပွဲမှာ သူမရဲ့ပုံပါတီရှပ်လေးတွေ ရောင်းချပြီး ရခဲ့တဲ့ငွေကျပ် (၁၄) သိန်းကို စစ်ဘေးရှောင်ပြည်သူတွေအတွက်လှူဒါန်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၂) ရက်နေ့ကလည်း ပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီး ငွေကျပ် (၁၀) သိန်း လှူဒါန်းပေးခဲ့ပါသေးတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

Miss Universe Myanmar ပီသစွာနဲ့ပဲ တိုင်းပြည်အရေးကို အားကြိုးမာန်တက်ပါဝင်ကူညီပြီး လူအားရော ငွေအားပါ အဆက်မပြတ်အားဖြည့်ပေးနေခဲ့ပါတယ်။ တကမ္ဘာလုံးကကြည့်တဲ့ Miss Universe စင်မြင့် ထက်မှာလည်း မြန်မာ့အရေးအတွက် speak out လုပ်ပေးခဲ့သူပါ။ အမဖြစ်သူ မေ ဟာလည်း အာဏာရှင်ကိုဆန့်ကျင်သူဖြစ်တာကြောင့် ဘေးလွတ်ရာကိုပြောင်းရွှေ့နေရပြီး ကန်ဒီကိုယ်တိုင်လည်း ပြိုင်ပွဲပြီးသည့်တိုင် အမိမြေကိုပြန်မလာနိုင်သေးပါဘူး။ မိသားစုတွေ တကွဲတပြားဖြစ်နေရပေမယ့် မေကတော့ တိုင်းပြည်အေးချမ်းမှပဲ မိသားစုတွေပြန်ဆုံမယ်လို့ ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။ ဒီလိုခံယူချက်ပြတ်သားတဲ့အမဖြစ်သူကိုပိုင်ဆိုင်ထားရတာ ကန်ဒီအတွက်တော့ ဂုဏ်ယူစရာပါပဲ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner

ကန်ဒီ့ကိုဝေဖန်သူတွေရှိနေပေမယ့်လည်း သူမရဲ့အလုပ်ကိုသာ တစိုက်မတ်မတ်နဲ့ အကောင်းဆုံး ကြိုးစားနေခဲ့ပါတယ်။ ဝေဖန်မှုတွေကိုခံစားနေရင် ရှေ့ဆက်ရမယ့်လမ်းတွေ ဝေဝါးကုန်မယ်ဆိုတာကို ကန်ဒီကကောင်းကောင်းသိပုံပါပဲ။ ပြိုင်ပွဲပြိုင်နေစဉ်မှာလည်း အဆင်မပြေမှုတွေရှိခဲ့ပေမယ့်ရအောင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ နာမည်ကြီးအေဂျင်စီတစ်ခုမှာ မော်ဒယ်အဖြစ်နဲ့ ရပ်တည်နေပြီး မြန်မာ့အရေးကိုလည်း လက်လွှတ်မခံဘဲ ရတဲ့ဖက်ကနေ အစွမ်းကုန်ကူညီပေးနေတဲ့ Miss Universe Myanmar လေးရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်36 Myanmar's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T