ဘာမှမရှိတဲ့ဘဝကနေ နာမည်ရဓာတ်ပုံဆရာဖြစ်လာအောင် နောက်ကွယ်ကနေ သူ့ကိုပံ့ပိုးပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့အကြောင်းတွေကို ပြောပြလာတဲ့သူငယ်ချင်းတစ်ဦး

//s9.kh1.co/9e/9ec4fe9c296a1cfbef0ba34e28a06a83bcdba523.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဘာမှမရှိတဲ့ဘဝကနေ နာမည်ရဓာတ်ပုံဆရာဖြစ်လာအောင် နောက်ကွယ်ကနေ သူ့ကိုပံ့ပိုးပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့အကြောင်းတွေကို ပြောပြလာတဲ့သူငယ်ချင်းတစ်ဦး

Model ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပုဒ်မ (၅၀၅)ကနဲ့ တရားစွဲဆိုခံရပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့သူဖြစ်တာကြောင့် ပြည်သူတွေကလည်း သူအမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ပိုင်တံခွန်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဓာတ်ပုံဆရာ ထက်ပိုင်ရဲက ကြင်နာပြီး စိတ်ရင်းကောင်းတဲ့ ပိုင်တံခွန်ရဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc

ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်က (၇) နှစ်ကြာပြီးမှ ပြန်တွေ့ကြတဲ့အခါမှာ ပိုင်တံခွန်က ထက်ပိုင်ရဲကို လက်တွဲခေါ်ခဲ့တာ ဖြစ်ပါတယ်။ ပိုင်တံခွန်က သူအောင်မြင်နေတဲ့အချိန်မှာ တတ်နိုင်သလောက် Support ပေးမယ်ဆိုပြီး သူငယ်ချင်းဖြစ်ချင်တဲ့ အိပ်မက်ကို မေးခဲ့တာ ဖြစ်ပါတယ် ။ ကင်မရာကိုင်ပြီး Video ရိုက်ချင်တယ်လို့ ထက်ပိုင်ရဲက ဖြေခဲ့တာကြောင့် ပိုင်တံခွန်က "သူ့ဆီလာ သူနဲ့သိတဲ့ဆရာတွေဆီမှာ အပ်ပေးမယ် ပညာသင်ပါ ဘဝကိုလျှောက်လှမ်းပါ" ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ် ။ သူ့သူငယ်ချင်းကို သူများဆီမှာ အလုပ်သမားမဖြစ်စေချင်တဲ့ ပိုင်တံခွန်က သူ့အနားမှာခေါ်ထားပြီး လိုအပ်တဲ့အကူအညီတွေပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc

ဒါ့အပြင် တကယ်တော်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာအောင် လမ်းပြပေးရင်း ဘာမှမရှိတဲ့ဘဝကနေ တဖြည်းဖြည်းချင်း အဆင်ပြေလာတဲ့အထိ ပိုင်တံခွန်က Supportပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ထက်ပိုင်ရဲက " အခုချိန်မှာ သူ့ကိုမလွမ်းဘူးလားလို့ သူအထဲရောက်နေတာတောင် အပြင်မှာ Ro နေတယ် ဘာညာတွေ့တော့ စိတ်မကောင်းဖြစ်မိပါတယ် သူကဒုတိယမိသားစုပါပဲ သူကအရာရာပါပဲ သူငယ်ချင်းကြီးကို အရမ်းလွမ်းမိပါတယ် အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ ပိုင်တံခွန်ဆိုတာ မရှိခဲ့ရင် ကျွန်တော်ဆိုတာ ဘာမှ မဟုတ်ပါဘူး ဘာမှမရှိတဲ့ကောင်ပါ" ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Htet Paing Ye's FB Acc

Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Photo Credit-Htet Paing Ye's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T