ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်အခမ်းအနားကို ဥပ္ပါတ္တသန္တိစေတီတော်ဘုရားကြီး အရှေ့ကွင်းသို့ပင့်ဆောင်ပြီး ကျင်းပခဲ့တဲ့ ဗီဒီယို

//s9.kh1.co/10/105a2b8e5fd77211fc82771f25c3396d790e14bf.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်အခမ်းအနားကို ဥပ္ပါတ္တသန္တိစေတီတော်ဘုရားကြီး အရှေ့ကွင်းသို့ပင့်ဆောင်ပြီး ကျင်းပခဲ့တဲ့ ဗီဒီယို

ဇွန်လ (၁၀) ရက်နေ့က ပြင်ဦးလွင်သို့ ပျံသန်းသွားတဲ့ စစ်တပ်ပိုင် လေယာဉ်တစ်စင်းကတော့ အနီးစခန်းမှာဆင်းသက်ချိန်တွင် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။လေယာဉ်ထဲမှာ လိုက်ပါလာခဲ့တဲ့သူတွေထဲမှ (၁၂)ဦးကသေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။ဆုံးပါးသွားတဲ့ထဲမှာ ပျဉ်းမနားမြို့၊စျေးကုန်းကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တကဝိသာရလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက နိုင်ငံတော်ဩဝါဒါစရိယဘွဲ့ ရရှိထားပြီး သိက္ခာတော်ပြည့်ဝတဲ့ ဘုရားသားတော်တစ်ပါး ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်ဘုရားကြီး ဘဝနတ်ထံသို့ပျံလွန်တော်မူသွားတာကြောင့် ဒါယကာ၊ဒါယိကာမတွေနဲ့ ပြည်သူလူထုကဝမ်းနည်းနေကြတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလာပ်တော်အား အန္တိမစျာပနာ သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ဥပ္ပါတ္တသန္တိစေတီတော်ဘုရားကြီး အရှေ့ကွင်းသို့ပင့်ဆောင်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ဘုရားကြီး အန္တိမစျာပနာပွဲကို လိုက်ပါပို့ဆောင်ပေးကြတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးကို ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒကလည်း မသင်္ဂြိုလ်ခင်မှာ လာရောက်ဖူးမြော်ခဲ့သေးတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက သက်တော် (၉၅)နှစ်အထိ သာသနာပြုခဲ့တာဖြစ်ပြီးအခုတော့ ဘဝနတ်ထံသို့ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါတယ်။သာသနာ့ဝန်ကိုထမ်းရွက်နေတဲ့ ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်အခမ်းအနားကို ပြည်သူတွေအားလုံး ဖူးမြော်ရအောင်လို့ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T