ဒေါ်လာသန်းချီ အကုန်အကျခံပြီး ဆေးကုသပေးနေပေမယ့် သာမန်လူတစ်ယောက်လို နေထိုင်နိုင်ဖို့ မသေချာတဲ့ ကလေးငယ်လေး

//s9.kh1.co/5d/5d5b32d28f33f3f591419742c5c7fcfb32eda9e4.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-ဇွန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

အာသာလို့ခေါ်တဲ့ ကလေးငယ်လေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပုံမှန်မွေးဖွားလာရမယ့် အချိန်ထက် ခြောက်ပတ်စောပြီးမွေးဖွားလာခဲ့သလို ကျောရိုသိမ်တဲ့ရောဂါ ဝေဒနာကို ခံစားနေရတယ်လို့သိရပါတယ်။

ဒါ့ကြောင့် ဒီကလေးလေးရဲ့ မိဘတွေဟာ ကလေးလေးရဲ့အသက် ငါးလလောက်အရောက်မှာ မျိုးရိုးဗီဇကုထုံးတစ်ခုကို ငွေအရမ်းကုန်ကျခံပြီး ကုသပေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ထိ ကလေးငယ်တွေရဲ့ ကြွက်သားသိမ် ရောဂါအတွက် ဒီလို ကုထုံးမျိုး မရှိခဲ့သေးပါဘူး။

Photo credit - Metro
Photo credit - Metro
Photo credit - Metro
Photo credit - Metro

ဒီရောဂါ ခံစားရတဲ့ ကလေးတွေငယ်ဟာ လှုပ်ရှားမှုတွေ တုံ့ဆိုင်းကာ အသက်ကို မနည်းရှုရပြီး နှစ်နှစ်လောက်သာ အသက်ရှင်နိုင်ကြပါတယ်။

ဒါပေမဲ့လည်း ကလေးငယ်တွေဟာ အမေရိကန်နိုင်ငံရဲ့ ကုထုံးတစ်မျိုးနဲ့ ကုသပြီးတဲ့နောက်မှာ ထိုင်နိုင်၊လေးဘက်ထောက် သွားနိုင်၊လမ်းအနည်းငယ် လျှောက်နိုင်ခဲ့ကြပါတယ်လို့ သိရပါတယ်။

ဒီလိုရောဂါ ဝေဒနာကိုခံစားနေရတဲ့ ကလေးငယ်လေး အာသာဟာ လွန်ခဲ့တဲ့ သုံးပတ်လောက်ကနေစကာ မျိုးရိုးဗီဇ ရောဂါကုထုံးတစ်ခုနဲ့ စတင်ကုသခဲ့ပြီး ဒီကုသမှုရဲ့ အနည်းဆုံး ဆေးပမာဏ တစ်ခါထိုးစာဟာ ဒေါ်လာ (၁.၇၉) တန်ပြီး ဗြိတိန် ကျန်းမာရေး အဖွဲ့အစည်းမှာပဲ ရနိုင်ပါတယ်။

Photo credit - Metro
Photo credit - Metro

လက်ရှိမှာတော့ ဒီကလေးလေးရဲ့ မိဘတွေဟာ ယူရိုဒေါ်လာ 1,800,000 လောက်အကုန်အကျခံကာ ဆေးကုပေးနေပေမယ့်လည်း ကလေးလေးရဲ့ အနာဂတ်ကတော့ အသက်အကြာကြီး ဆက်ရှင်နိုင်ဖို့ သေချာတဲ့အခြေအနေမှာ မရှိသေးပါဘူး။

လက်ရှိမှာတော့ အာသာလေးဟာ ကျန်းမာ​​ရေးအခြေအနေကောင်းမွန်နေပြီး ကုထုံးနဲ့လည်းတော်တော်လေး အဆင်ပြေနေတယ်လို့ သိရပါတယ်။

 မိဘတွေကတော့ ကိုယ့်ရဲ့ရင်သွေးလေးအတွက် အတတ်နိုင်ဆုံး ဆေးကုသပေးနေကြပြီး လူ့သက်တမ်းစေ့ ကျန်းမာစွာနေသွားနိုင်ဖို့အတွက် မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

Photo credit - Metro
Photo credit - Metro
Photo credit - Metro
Photo credit - Metro

သတင်း အရင်းအမြစ်Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T