ကြက်သားထက်တောင် ပိုအရသာရှိတယ်လို့ဆိုကြတဲ့ လူသားကလေးအရွယ်ဖားကြီး

//s9.kh1.co/fb/fb890186fc83d673182f131887076c9102a374a2.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Honiara ဒေသက Solomon Islands မှာ လူသားကလေးအရွယ်လောက်ရှိတဲ့ ဖာကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ဒီဖားကြီးဟာ အလေးချိန်အားဖြင့် 1 kilo နီးပါးလောက်ရှိတယ်လို့သိရပြီးCornufer guppyi လို့ခေါ်တဲ့ မျိုးစိတ်ထဲက ဖားကြီးဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရတော့ အခုဖမ်းမိတဲ့ ဖားကြီးဟာ သူတို့မြင်တွေ့ဖူးသမျှထဲမှာ အကြီးဆုံးပဲလို့လည်း သိရပါတယ်။

photo credit elitereaders
photo credit elitereaders

ဒီဖားကြီးကိုတော့   အသက် ၃၅ နှစ်အရွယ် Jimmy Hugo လို့ခေါ်တဲ့အမျိုးသားက တောဝက်တွေကို ထောင်ဖမ်းရင်းနဲ့ ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖားကြီးကို Jimmy Hugo ဟာ လိုင်းပေါ်တင်လိုက်တဲ့အချိန်မှာလည်း “ လူအနည်းငယ်လောက်ပဲ ဒါကိုတွေ့မယ်လို့ ကျနော်ထင်ခဲ့ပေမယ့် လူအများကြီးက ဒီဟာနဲ့ပတ်သတ်ပြီးတော့ အံအားသင့်တဲ့ ကွန့်မန့်တွေပေးတာကို မြင်ရတာ ကျွန်တော့်အတွက် တကယ် Surprised တစ်ခုလို့ဖြစ်ခဲ့ရတယ်” လို့ ပြောကြားထားပါတယ်။

photo credit elitereaders
photo credit elitereaders
photo from google
photo from google

ဒေသခံတွေရဲ့ပြောကြားချက်အရတော့ သူတို့ဟာ ဒီလို giant ဖားကြီးတွေရဲ့ အသားကို စားနေကြဖြစ်ပြီး ဒီလိုဖားကြီးတွေရဲ့အသားဟာ ကြက်သားထက်တောင် အရာသာပိုရှိတယ်လို့ သိရပါတယ်။

အွန်လိုင်းပေါ်ပျံ့လာတဲ့ ဗီဒီယိုထဲမှာတော Jimmy Hugo ကတော့ ဒီဖားကြီးကို သတ်စားတာမျိုးမရှိပဲထိန်းသိမ်းမွေးမြူထားတာကိုတွေ့ရပါတယ်။

တော်ရုံတန်ရုံလူဆိုရင် ဒီလိုဖားကြီးတွေရဲ့အသားကိုစားဖို့မပြောနဲ့ အပြင်မှာမြင်တွေ့ရတာနဲ့တင် ကြောက်လန့်ပြီး မူးမေ့လဲသွားနိုင်ပါတယ်။

photo credit elitereaders
photo credit elitereaders

သတင်း အရင်းအမြစ်Elitereaders

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T