မင်းတပ်မြို့မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး Twitterမှာ ပျံ့နှံ့လာနေတဲ့ သတင်းအကြောင်းအရာများ

//s9.kh1.co/ae/ae2f55325d04ec30ee52a284b19748339e1633c3.jpg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် ပြည်သူအများအပြားဆန္ဒထုတ်ဖော်မှုတွေပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေအရှိန်အဟုန်ကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းဖမ်းဆီးမှုတွေများစွာပြုလုပ်လာတာဖြစ်ပြီး အသက်ဆုံးရှုံးရသူတွေနဲ့ ဖမ်းဆီးခံရသူတွေများစွာရှိလာနေတာဖြစ်ပါတယ်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

အခုနောက်ပိုင်းမှာဆိုရင်လည်း ပြည်သူတွေဟာ People Defence Force(PDF) အဖွဲ့တွေကိုမြို့အသီးသီးမှာဖွဲ့စည်းလာကြပြီး ပြန်လည်ခုခံလာကြတာဖြစ်ပါတယ်။ ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း Chinland Defence Force (CDF)အဖွဲ့ ဖွဲ့စည်းကာ ခုခံမှုတွေကိုပြုလုပ်နေကြတာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲပြင်းထန်ကာ လက်နက်အင်အားမမျှတာကြောင့် မြို့နေပြည်သူအများအပြား ထွက်ပြေးတိမ်း‌ရှောင်နေကြရတာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

မင်းတပ်မြို့လေးကို လေယာဉ်၊ အမြှောက်၊လက်ပစ်ဗုံးစတဲ့ လက်နက်ကြီးငယ်မျိုးစုံနဲ့ဖိနှိပ်နေတာကြောင့် အသက်ဆုံးရှုံးရတဲ့ပြည်သူတွေအများအပြားလည်း ရှိလာနေတာပါ။ အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြည်သူတွေဟာ Twitterကနေတစ်ဆင့် ကမ္ဘာကသိအောင်တင်ပေးနေကြတာဖြစ်ပြီး အကူအညီတောင်းခံနေကြရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်....။

Photo credit-Twitter
Photo credit-Twitter

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T