အလှူခံထားတဲ့ ဒလမြို့နယ် စံပြရွာဘက်ကို သွားကြည့်ရင်း မြင်တွေ့ခဲ့ရတဲ့ စိတ်မကောင်းစရာ မြင်ကွင်းတွေကို ပြောပြလာတဲ့ ဝေဠုကျော်

//s9.kh1.co/66/66fbdfcd4894d1444f687cc1008e1114e36607f4.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု  တည်ထောင်ထားပြီး  အဖွဲ့သားများနဲ့အတူ  လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ  ကူညီလှူဒါန်းပေးနေတာတွေကို  မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့်  ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။ ကိုယ်ကျိုးမကြည့်ဘဲ နေ့စဉ်တိုင်း မမောနိုင်မပန်းနိုင်အောင်  အခက်အခဲတွေ ကြားကနေ သွားရောက်ကာ အများအကျိုး လုပ်ဆောင်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 

ဒီနေ့မှာလည်း ဒလ၊ ဆာဖာရီ​ချောင်ဖက်ကို အလှူပစ္စည်းများ သွားရောက် လှူပေးခဲ့ပါတယ်။ဒီလိုသွားရင်း ထပ်မံအလှူခံထားတဲ့ ဒလမြို့နယ်၊ စံပြရွာ ကျူးအိမ်တွေဘက်ကိုပါ သွားရောက် ကြည့်ရှုခဲ့ရာ အမိုးအကာတောင် လုံခြုံအောင် မရှိတဲ့ အိမ်​တွေ အများကြီးကို တွေ့ခဲ့ရကြောင်းကို စိတ်မကောင်းစွာ ပြောကြားလာတာဖြစ်ပါတယ်။ " ဒလ၊ ဆာဖာရီ​ချောင် ဖက်သွားလှူပေးရင်း အလှူခံထားတယ့် ဒလမြို့နယ်၊ စံပြရွာ ကျူးအိမ်တွေကို သွားကြည့်ဖြစ်ပါတယ်။ အိမ်​လေး​တွေက အကာ အမိုး​တောင် လုံခြုံ​အောင်မရှိတယ့် အိမ်​တွေ အများကြီး​တွေ့၇တယ်။ အိမ်ခြေ ၄၅၀ ကျော် ရှိပါတယ်ကျန်တယ့် အလှူ​ငွေနဲ့ အိမ် အကုန်မလှူနိူင်သေးပါဖူး။ အကုန် လှူပေးနိူင်အောင် အလှူရှင် ထပ်ရှာရအုံးမှာပါ။ မှော်ဘီ ကကျူးတွေကလည်း အလှူခံလာတာကြောင့် ဒလပြီးရင်လည်း မှော်ဘီ ကျူးတွေအတွက် လည်း ထပ်ကြိုးစားရပါအုံးမယ်။" ဆိုပြီး ရေးသား ဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတာ အမှန်ပါပဲနော် ။ ကူညီ လှူဒါန်းသူတွေလည်း ဒီထက်မက လှူဒါန်းနိုင်ပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ ပြည်သူတွေလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T