ပစ်ဖောက်ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေရဲ့နေအိမ်တွေပါ ထိမှန်နေပြီး ပိုဆိုးရွားနိုင်ခြေရှိတဲ့ မင်းတပ်မြို့ရဲ့လက်ရှိအခြေအနေ

//s9.kh1.co/0e/0ed3801708a7dad0e628e0b5880313885ff24172.jpg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပစ်ဖောက်ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေရဲ့နေအိမ်တွေပါ ထိမှန်နေပြီး ပိုဆိုးရွားနိုင်ခြေရှိတဲ့ မင်းတပ်မြို့ရဲ့လက်ရှိအခြေအနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာတော့ အခုဆိုရင် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အစွမ်းကုန်ကာကွယ်ခုခံနေတာ ဖြစ်ပါတယ် ။ ရရာနည်းလမ်းနဲ့ ကာကွယ်နေကြတဲ့ ပြည်သူတွေက အားတင်းပြီး တောင့်ခံနေတာဖြစ်သလို တစ်ဖက်ကလည်း လက်နက်ကြီးတွေနဲ့ ဖြိုခွင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း မင်းတပ်မြို့မှာ ပြည်သူတွေကို ကာကွယ်ပေးနေတဲ့ လူငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းသိရပြီး ထပ်မံကျဆုံးသူတွေလည်း ရှိနေသေးတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့ မေလ (၁၅) ရက်နေ့မှာဆိုရင်လည်း မနက်အစောပိုင်းကတည်းက မင်းတပ်မြို့မှာ အင်အားသုံးဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေ ထိတ်လန့်နေရတာ ဖြစ်ပါတယ် ။ စံမင်းသီရိစေတီနားမှာ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့် ထွက်ပြေးပုန်းရှောင်ရန် ကြိုးစားခဲ့တဲ့ လူငယ် (၁၅) ယောက်ကျော် ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ် ။ အခြေအနေတွေဆိုးရွားနေတဲ့ မင်းတပ်မြို့ရဲ့သတင်းကို ပြည်သူတွေအားလုံးက စောင့်ကြည့်နေကြသလို "မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့" ကလည်း အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ပြည်သူတစ်ယောက်က မင်းတပ်မြို့မှာ ပစ်ဖောက်ဖြိုခွင်းမှုကြောင့် ပြည်သူတွေရဲ့နေအိမ်တွေပါ ထိမှန်နေပြီဖြစ်ကြောင်းကို ပုံနဲ့တကွ ဖော်ပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီထက်မက ပိုဆိုးရွားမယ့်အခြေအနေရှိတာကြောင့် မင်းတပ်မြို့လေးကို ကယ်တင်ပေးပါဦးဆိုပြီး တောင်းဆိုထားတာလည်း ဖြစ်ပါတယ် ။ ပြည်သူတွေအားလုံးကလည်း မင်းတပ်မြို့လေး ဘေးကင်းစေဖို့အတွက်ကို ဝိုင်းဝန်းဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T