ခြေလက်တွေကိုပါ သံကြိုးခတ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ မိခင်အတွက် ပူဆွေးသောကရောက်နေရတဲ့ သမီးလေး

//s9.kh1.co/67/67051f706719b5091106b461eee6698d5bde8993.jpeg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခြေလက်တွေကိုပါ သံကြိုးခတ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ မိခင်အတွက် ပူဆွေးသောကရောက်နေရတဲ့ သမီးလေး

ပြည်သူလူထုကတော့ ကြုံတွေ့လာတဲ့အခြေအနေမှန်သမျှကို စည်းစည်းလုံးလုံးနဲ့ရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာ သားသမီးတွေအတွက်မိဘတွေကရင်မအေးရသလို မိဘတွေအတွက်လည်း သားသမီးတွေကပြန်ပြီးစိတ်ပူနေရတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ပြည်သူတစ်ဦးရဲ့မိခင်ကို ခြေလက်တွေပါသံကြိုးခတ်ပြီးဖမ်းဆီးသွားတဲ့အခြေအနေတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ဖမ်းဆီးခံရသူရဲ့ နာမည်က ဒေါ်ရိုစ့်မေရီဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူပါဝင်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတစ်ဦးကတော့ သူမရဲ့မိခင်ကို မျက်နှာတွေ့ဖို့တောင် မမှီလိုက်ဘဲ ကားပေါ်တင်ပြီး ထောင်ကိုထွက်သွားတယ်လို့သာ သိလိုက်ရပါတယ်။ဖမ်းဆီးခံရသူတွေကို ခြေလက်တွေပါ သံကြိုးနဲ့ချည်ပြီး တန်းစီးခေါ်သွားကြတာဖြစ်ပါတယ်။ဒေါ်ရိုစ့်မေရီရဲ့သမီးဖြစ်သူကတော့”သပိတ်လိုက်လို့ ၅၀၅ နဲ့စွဲချက်တင်တာလား ဘာအပြစ်တွေဒီလောက်ကြီးလို့ ခြေလက်သံကြိုးခတ်ပြီး တန်းစီခေါ်သွားတာလဲ မျက်နှာတောင်တွေ့ခွင့်မပေး”ဆိုပြီး ပူဆွေးသောကရောက်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုလည်း မိခင်ဖမ်းခံလိုက်ရလို့ စိတ်ပူနေတဲ့သမီးဖြစ်သူကို ကိုယ်ချင်းစာနာပြီး Speak Out လုပ်ပေးနေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ လူတိုင်းရဲ့ဒုက္ခအခက်အခဲတွေကို အတူတူမျှဝေခံစားပေးပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိဆိုရင် ဖမ်းဆီးခံရသူအရေအတွက် ထောင်ကျော်နေပြီဖြစ်ပြီး ရှေ့နေတချို့နဲ့ ပြည်သူတွေကလည်း သူတို့နဲ့အတူ ရပ်တည်ပေးနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T