နိုင်ငံအဝှမ်းကစစ်အာဏာရှင်ဆန့်ကျင်ကြသူတွေနဲ့အတူ အမြဲရပ်တည်နေတယ်ဆိုတာကို သက်သေပြခဲ့တဲ့ ရန်ကုန်

//s9.kh1.co/ba/ba2a7bae6219ed1ec8569b49c00c776321246c75.png
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ယနေ့ မေလ (၁၄) ရက်နေ့မှာတော့ ရန်ကုန်ဟာ အရင်နေ့တွေကလိုပဲ ပြန်လည်အသက်ဝင်လာခဲ့ ပါတယ်။ အဖမ်းအဆီးတွေရှိတာကြောင့် ယခင်ကပြောက်ကျားသပိတ်လေးတွေလုပ်နေခဲ့ပြီး ဒီနေ့မှာတော့ မြို့နယ်ပေါင်းစုံကသပိတ်စစ်ကြောင်းတွေစုစည်းပြီး လူအင်အား (၅၀၀) ခန့်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါ တယ်။ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ဟာလည်း အမြို့မြို့ အနယ်နယ်တိုင်းက သွေးချင်းတွေနဲ့အတူ ရန်ကုန်ဟာအမြဲတမ်း ရပ်တည်နေမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံအနှံ့အပြားမှာဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခဲ့ပြီး ပြည်သူတွေဟာလည်း ထိတ်လန့်မှုတွေကြားမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေခဲ့ကြပါတယ်။

Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload

(၃) လ ကျော်ကြာမြင့်လာခဲ့တဲ့ ဒီဖြစ်စဉ်တွေမှာ သေဆုံးသူဦးရေ (၈၀၀) ကျော်ရှိလာခဲ့ပြီး ဖမ်းဆီခံရသူ (၄၀၀၀) ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ အခြေခံလူတန်းစားအများစုဟာ စားဝတ်နေရေးခက်ခဲကျပ်တည်းမှု တွေနဲ့ ရင်ဆိုင်နေရပြီး မိမိတို့ရဲ့ကိုယ်ပိုင်ငွေကြေးကိုတောင် ဘဏ်တွေကနေ အလွယ်တကူထုတ်ယူမရနိုင် လောက်တဲ့အထိ ခက်ခဲသွားခဲ့ပါတယ်။ အဆိုးတွေချည်းပဲ ဖြစ်လာတဲ့အခြေအနေမှာ ပြည်သူတွေဟာလည်း ဒီလိုအခြေအနေကနေ လွတ်မြောက်နိုင်ဖို့အတွက် ပြည်သူ့တိုက်ပွဲကိုအဆုံးထိတိုက်ဖို့ ရည်ရွယ်ထားခဲ့ ကြပါပြီ။

Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload

ယနေ့မှာပြုလုပ်ခဲ့တဲ့ မြို့နယ်အများစုက Generation X,Y,Z တို့ရဲ့ လူထုလှုပ်ရှားမှုဟာ အင်အားလည်း အလုံအလောက်ရှိသလို ငြိမ်းချမ်းစွာနဲ့လည်းပြီးဆုံးခဲ့ပါတယ်။ လှုပ်ရှားမှုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကို " ပြောက်ကျား လူထုလှုပ်ရှားက ပုံမှန်အမြဲရှိနေပေမယ့် အရင်လို တစ်နေရာတည်းမှာပဲလုပ်တာ မဟုတ်တော့ဘူး၊ သတင်းပေါက်ကြားတာတွေများလို့ မြို့နယ်တစ်နေရာစီမှာ ပြောက်ကျားပုံစံလုပ်ပြီး ပြည်သူလူထုရဲ့ဆန္ဒတွေကို နေ့တိုင်း အောင်အောင်မြင်မြင်နဲ့ရအောင်ထုတ်ဖော်နေကြတာပါ။ ဒီလိုဘာကြောင့် ပြန်လုပ်နေရတာလဲ ဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ သွေးချင်းတွေနဲ့အတူ ရန်ကုန်ကအမြဲရပ်တည်နေမယ်။ သူတို့ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ်မကြောက်ပါနဲ့ ရန်ကုန်က ပြည်နယ်နဲ့တိုင်းကသူတွေအားလုံးနဲ့ အတူ တစ်သားတည်းရပ်တည်ပေးနေပါတယ် ဆိုတာကို ပြောပြပေးချင်လို့ပါ " " ဆိုပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သူပြည်သူတစ်ဦးကပြောခဲ့ပါတယ်။

Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload
Photo by Myanmarload

သတင်း အရင်းအမြစ်Myanmarload

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T