အဖိုးအဖွားတွေအတွက် ကူညီလှူဒါန်းရင်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံတိုက်တွန်းလိုက်တဲ့ နေဒွေး

//s9.kh1.co/e3/e389705d23b8162f03e4d39967de8a0961c3e3da.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ဇာတ်ကားတွေအပြင် ကြော်ငြာတွေ ရိုက်ကူးကာ ပရိသတ်လက်ခံအားပေးကြတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေသူကတော့ မင်းသားချောနေဒွေးပဲ ဖြစ်ပါတယ်..။

နေဒွေးကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ အခက်အခဲဖြစ်နေကြသူတွေကိုလည်း ဖေးမကူညီကာ လှူဒါန်းမှုတွေ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

စားဝတ်နေရေး ခက်ခဲနေသူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းနေတဲ့ နေဒွေးကတော့ ဒီကနေ့မှာလည်း မြောက်ဥက္ကလာမှ အဖိုးအဖွားတွေအတွက် အိမ်တိုင်ရာရောက်သွားရောက်ကာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

မြောက်ဥက္ကလာ ၂ ရပ်ကွက် ဘုန်းကြီးကျောင်းကွေ့ သဗ္ဗန်ဆိပ်ကျူးတဲမှ အဖိုးအဖွားတွေအတွက် အလှူငွေတွေ လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေဝေမျှပြီး ပြည်သူတွေကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး တောင်းဆိုတိုက်တွန်းထားပါသေးတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

"ဤနေ့စုပေါင်းကုသိုလ်အလှု??????

မြောက်ဥက္ကလာ ၂ရပ်ကွက် ဘုန်းကြီးကျောင်းကွေ့ သဗ္ဗန်ဆိပ်ကျူးတဲ များမှ စားဝတ်နေရေးခက်ခဲနေသော အဖိုးအဖွားပြည်သူများအတွက်?

ခုလိုချိန်မှာမရှိအတူရှိအတူတတ်နိုင်သမျှ ဝေမျှသုံးစွဲကြရမဲ့အချိန်လေးပါဗျာ? 

ကျွန်တော်တို့လဲတတ်နိုင်သလောက်လှုပေးနေသလို Wave Pay , KBZ Pay ထုတ်ပေးနေသူအများစုကလည်းတတ်နိုင်သလောက် % လျော့ယူပြီးကူညီပေးရင် အခြေခံလူတန်းစားတွေပိုပြီးအဆင်ပြေကြတာပေါ့ဗျာ? အပူပိုက်ဆံတွေနဲ့ ခေတ်ပျက်မှာသူဌေးမဖြစ်ချင်ကြပါနဲ့ဗျာ??????.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

အခက်အခဲဖြစ်နေတဲ့ အဖိုးအဖွားတွေအတွက် ကူညီလှူဒါန်းရင်း လက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မေတ္တာရပ်ခံတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

သတင်း အရင်းအမြစ်Nay Dway's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T