ကျန်းမာရေးချို့ယွင်းမှုကြောင့်ရာထူးမှအနားယူသွားခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌ ဦးညီညီထွန်းလွင်

//s9.kh1.co/74/74f17baf06f5ae5d6e53f0e3a575c02c966dedbd.jpg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

၂၀၁၉ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ယောက်အနေနဲ့ တာ၀န်ယူဆောင်ရွက်ခဲ့တဲ့ ‌ဒါရိုက်တာဦးညီညီထွန်းလွင်ဟာ ကျန်းမာရေးချို့ယွင်းမှုကြောင့် ရာထူးတာ၀န်မှနှုတ်ထွက်ခွင့်ပြုရန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဦးညီဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အောင်မြင်စွာရပ်တည်ခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ယောက်အနေနဲ့လည်း တာ၀န်ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်.....။

Photo credit-Myanmar Motion Picture Organisation
Photo credit-Myanmar Motion Picture Organisation
Photo credit-Myanmar Motion Picture Organisation
Photo credit-Myanmar Motion Picture Organisation

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(Myanmar Motion Picture Organization)တွင် ဥက္ကဌများအဖြစ် ၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ဦးကြည်စိုးထွန်း၊ ၂၀၀၇ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဦးမြင့်သိန်းဖေ၊ ၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဦးဇင်ဝိုင်း၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ဦးလူမင်း၊ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဦးညီညီထွန်းလွင်တို့က အသီးသီးတာ၀န်ယူခဲ့ကြပြီး ရုပ်ရှင်လောကတိုးတက်ရေးအတွက် အင်တိုက်အားတိုက်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

Photo credit-Myanmar Motion Picture Organisation
Photo credit-Myanmar Motion Picture Organisation
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ဦးညီဟာ အသက်(၆၈)နှစ်ခန့်ရှိနေပြီဖြစ်ပြီး ဆီးချို၊သွေးတိုး၊နှလုံးရောဂါများကိုလည်း ခံစားနေရတဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးမီကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (Myanmar Motion Picture Organisation)ရဲ့ Facebook pageကနေ ဦးညီညီထွန်းလွင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုကြောင့်နှုတ်ထွက်စာတစ်စောင်ကို "၁၁.၅.၂၀၂၁ နေ့တွင်ပြုလုပ်သော အထူးအစည်းအဝေးအမှတ် ၃/၂၀၂၁ မှ လက်ခံအတည်ပြုပါသည်....." ဆိုပြီးရေးသားကာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.....။

Photo credit-Myanmar Motion Picture Organisation
Photo credit-Myanmar Motion Picture Organisation

သတင်း အရင်းအမြစ်Myanmar Motion Picture Organisation

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T