လက်ရှိအခြေအနေတွေမှာ ကြားနေဆိုတာတွေနဲ့ ပတ်သက်ပြီး ပြတ်သားစွာပြောလာတဲ့ ဘုန်းဆက်သွင်

//s9.kh1.co/f8/f843e8f734b49aba82854280eb33f0dd9e70eee4.jpeg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

MRTV-4 ဇာတ်ကားတွေရိုက်ကူးကာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေကို ရရှိထားတဲ့ မင်းသား ဘုန်းဆက်သွင်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက ပြုလုပ်ခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လမ်းပေါ်ထွက်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ ပါဝင်ခဲ့သူတွေထဲက တစ်ယောက်အပါအဝင်ပါပဲ..။

Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc

၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရတဲ့ မင်းသားဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ ကြားနေဆိုတာတွေနဲ့ ပတ်သက်ပြီး ခိုင်မာပြတ်သားစွာပြောလာပါတယ်..။

ကြားနေဆိုတာ အမြဲတမ်းမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာဆိုရင်တော့ မှန်နေပေမယ့် မတရားမှုတွေ ရှိနေတာတောင် မမြင်နိုင်ရင်တော့ မျက်ကန်းတစ္ဆေ မကြောက်ဖြစ်သလို သူရဲဘောင်ကြောင်တဲ့ လူညံ့ဖြစ်ကြောင်းကို ပြောပြထားတာပါ..။

Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc

"မသေဆေး

နိုင်ငံရေးမှာ ဘက်နှစ်ဘက် မရှိဘူး။

ကြားနေဆိုတာ... အမြဲတမ်းမှန်ကန်နေတဲ့ လမ်းကြောင်းပေါ်မှာဆိုရင်တော့ မှန်တယ်။

စောက်ကျင့်ယုတ်မှုနဲ့ ပက်ပင်းတိုးတာတောင် 

မမြင်နိုင်ဘူးဆိုရင်တော့ အလယ်အလတ်လမ်းစဉ်တွေက မျက်ကန်း တစ္ဆေမကြောက်ပဲ။

တစ်နည်းအားဖြင့်ဆိုရင်တော့ ထိုသူကို... သူရဲဘောကြောင်တဲ့ လူညံ့ပဲဆိုပါတော့။

သည်ခေတ်နေ

???

RejectMilitaryCoupInMyanmar.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ကြားနေတွေနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ မင်းသားဘုန်းဆက်သွင်ရဲ့ ပို့စ်အောက်မှာ ပရိသတ်တွေကလည်း Comment တွေမှာ အားပေးစကားတွေ ပြောထားတာ တွေ့ရပါတယ်..။

Photo Credit - PhonwSett Thwin's Fb Acc
Photo Credit - PhonwSett Thwin's Fb Acc

သတင်း အရင်းအမြစ်PhonwSett Thwin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T