ရှောင်ရှားနေရသူတွေနဲ့ အကျဥ်းကျနေသူတွေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းစကား ဆိုလိုက်တဲ့ နှိုင်းယှဥ်မြင့်မိုရ်

//s9.kh1.co/95/95af1e09f7e1fc77fe86d86f70743ccb278b0dc3.jpg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ များစွာကို ရိုက်ကူးထားသူ ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ ပဲဖြစ်ပါတယ်။လက်ရှိကာလမှာ အဆင်မပြေကြတဲ့ ပြည်သူတွေကိုလည်း သူမရဲ့ချွေးနည်းစာနဲ့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာလည်း တွေ့ရပါတယ်။ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေကာ Campaign တွေမှာလည်း တစ်ထောင့်တစ်နေရာက ပါဝင်လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။

Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account

လက်ရှိအချိန်ကာလအတွင်းမှာတော့ အသက်ပေးသွားရတဲ့ ပြည်သူတွေ များပြားလာခဲ့ပြီ ဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြည်သူတွေကလည်း အယောက် ၄၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေထဲမှာ လူငယ်တွေ အများဆုံးပါဝင်နေတဲ့ အပြင် အနုပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ သူတွေလည်း ပါဝင်နေတာ ပဲဖြစ်ပါတယ်။ဒါ့ကြောင့် နှိုင်းယှဉ်မြင့်မိုရ် က သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် ရှောင်ရှားနေသူတွေနဲ့ အကျဉ်းကျသူတွေ အမြန်ဆုံးပြန်လွတ်မြောက်ပါစေလို့ ဆုတောင်းစကားပြောလာတာ ဖြစ်ပါတယ်။

Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account

"ကိုယ့်အိမ်ထဲနေပြီး အသက်ရှုမဝတာရက် (၁၀၀)ရှိပြီ ရှောင်ရှားနေရသူတွေအကျဉ်းကျနေသူအားလုံးအမြန်လွတ်မြောက်ပါစေကျန်းမာကြပါစေ"ဆိုပြီး ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။ပြည်သူတွေ တော်လှန်ခဲ့ကြတာဆိုရင် ဒီနေ့ မေလ(၁၁)ရက်နေ့ကတော့ ရက်ပေါင်း ၁၀၀ပြည့်ပြီ ဖြစ်ပေမယ့်လည်း တူညီတဲ့ ပန်းတိုင်ကို ဆက်လက်ကြိုးစားနေကြတုန်း ပဲဖြစ်ပါတယ်။ပြည်သူတွေအားလုံး အမြန်ဆုံးအေးချမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။???

Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account
Photo Credit- Nhying Sin FB Account

သတင်း အရင်းအမြစ်Nhying Shin FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T