ကျဆုံးသွားတာ(၂)လတိတိပြည့်သွားပြီဖြစ်တဲ့ သူရဲကောင်းမောင်လင်းထက်ရဲ့ စာကြည့်ခုံပေါ်က ပြက္ခဒိန်

//s9.kh1.co/38/3834081d2be0827770584c94797a2269f654be01.jpeg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတာ(၂)လတိတိပြည့်သွားပြီဖြစ်တဲ့ သူရဲကောင်းမောင်လင်းထက်ရဲ့ စာကြည့်ခုံပေါ်က ပြက္ခဒိန်

လက်ရှိအခြေအနေအတွင်းမှာဆိုရင် အသက်မပြည့်သေးတဲ့ကလေးငယ်လေးတွေကအစ ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုက အမြဲသတိရနေကြတာဖြစ်ပါတယ်။(၁၁.၃.၂၀၂၁)ရက်နေ့က ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တဲ့ အသက်(၁၉)နှစ်အရွယ် မောင်လင်းထက်ဆိုရင် ဘဝတစ်ပါးသို့ကူးပြောင်းသွားတာ ဒီနေ့ဆိုရင် (၂)လတိတိပြည့်သွားပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လင်းထက်ရဲ့မိခင်ခမျာမှာတော့ ဖုန်းသံကြားတိုင်း သားလေးခေါ်တယ်လို့ ထင်နေပြီး စိတ်ကောင်းရှိတဲ့သူတစ်ယောက်ယောက်က သူမရဲ့သားကိုကယ်တင်ထားတယ်လို့ မှတ်ယူထားတာဖြစ်ပါတယ်။မိခင်ဖြစ်သူက သားလေးကျည်ထိမှန်ထားတဲ့ဗီဒီယိုကို ကြည့်ပြီးတာတောင် ကျဆုံးသွားတယ်ဆိုတာကို လက်မခံသေးတာဖြစ်ပါတယ်။မောင်လင်းထက်ရဲ့ဖခင်ကလည်း သားရဲ့အလောင်းကို သွားတောင်းတော့ တာဝန်အရသင်္ဂြိုလ်လိုက်ပြီလို့ပြောပြီးအလောင်းပြန်မပေးလိုက်တာဖြစ်ပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျန်ရစ်သူမိသားစုခမျာ အလောင်းပြန်မရတာကြောင့် မောင်လင်းထက်ရဲ့အုတ်ဂူထဲမှာ အဝတ်အစားလေးတွေသာထည့်မြှုပ်ထားရတာဖြစ်ပါတယ်။မောင်လင်းထက် အသက်ရှိစဉ်အချိန်တုန်းကဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလိုပါဝင်ပြီး သူ့ရဲ့စာကြည့်ခုံပေါ်က ပြက္ခဒိန်မှာလည်း အသေးစိတ်ရေးမှတ်ထားသေးတာဖြစ်ပါတယ်။အသက်(၁၉)နှစ်အရွယ် မောင်လင်းထက်ကတော့ ဇာတိသွေး၊ဇာတိမာန်တွေထက်သန်လွန်းလို့ ပြက္ခဒိန်ပေါ်မှာတောင် ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကိုရေးမှတ်ထားတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T