လူထောင်ချီလိုက်ပါပို့ဆောင်ခဲ့တဲ့ ကဗျာဆရာကိုခက်သီရဲ့စျာပနခရီးမှာ ကြက်သီးထစရာကောင်းလောက်အောင် ကြွေးကြော်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယို

//s9.kh1.co/32/32b79a56aa6800f395d1a0e23e01e29371840ff8.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လူထောင်ချီလိုက်ပါပို့ဆောင်ခဲ့တဲ့ ကဗျာဆရာကိုခက်သီရဲ့စျာပနခရီးမှာ ကြက်သီးထစရာကောင်းလောက်အောင် ကြွေးကြော်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယို

လူထုလှုပ်ရှားမှုပွဲတွေမှာ အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားခဲ့တဲ့ ကဗျာဆရာ ကိုခက်သီက ပြီးခဲ့တဲ့ မေလ (၈)ရက်နေ့၊ ညပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ရုပ်အလောင်းသာပြန်ရခဲ့တဲ့ ကဗျာဆရာ ကိုခက်သီရဲ့စျာပနပွဲကို ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့မှာပဲ ကျင်းပပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ် ။ ကိုခက်သီရဲ့နောက်ဆုံးခရီးကို မြို့ခံပြည်သူပေါင်း မြောက်မြားစွာ လိုက်ပါပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကဗျာဆရာကိုခက်သီ (ခ) ကိုဇော်ထွန်းကတော့ ကွယ်လွန်ချိန်မှာ အသက် (၄၅) နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှာပဲ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ် ။ မြို့ခံပြည်သူတွေက ကိုခက်သီရဲ့စျာပနပွဲကို တက်ရောက်ရင်းနဲ့ပဲ လမ်းတစ်လျှောက်မှာ အားရပါးရကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေက သူတို့ရဲ့ဆန္ဒကို တစ်ညီတစ်ညွတ်တည်း ပြသခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

လက်သုံးချောင်းကာ တစ်ပြိုင်နက်တည်း ကြွေးကြော်နေကြတဲ့ ပြည်သူတွေက တစ်လမ်းလုံး ပြည့်လျှံသွားလောက်အောင် နေရာယူခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကိုယ့်နိုင်ငံအတွက် နောက်ဆုံးအချိန်အထိ ကြိုးစားတာဝန်ကျေပေးခဲ့တဲ့ ကိုခက်သီရဲ့စိတ်ဓာတ်ကို ပြည်သူတွေက လေးစားဂုဏ်ပြုနေကြတာလည်း ဖြစ်ပါတယ် ။ လူပေါင်းထောင်ချီအောင် လိုက်ပါပို့ဆောင်ခဲ့တဲ့ ကဗျာဆရာကိုခက်သီရဲ့စျာပနပွဲက မြင်ကွင်းပုံရိပ်တွေနဲ့ ဗီဒီယိုတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source ,Photo & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T