တိမ်းရှောင်နေရပေမယ့် ရောက်ရာနေရာကနေ တော်လှန်နေကြောင်း ပရိသတ်တွေကို ပုံတစ်ပုံဖြင့် သက်သေပြလိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/0e/0e11f305a8bafe8f286b2b037bb7718326c5f055.jpeg
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင်  သိမ်းပိုက်ရရှိထားသူကတော့  သရုပ်ဆောင်  မင်းမော်ကွန်းပဲ  ဖြစ်ပါတယ်။  သူကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာ  ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ပြီး  နေ့စဉ် ဆန္ဒထုတ်ဖော်ခဲ့တဲ့  မင်းမော်ကွန်းကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သူကတော့ လက်ရှိအချိန်မှာ ဘေးကင်းရာသို့ တိမ်းရှောင်နေတာ  ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

ပရိသတ်များကလည်း မင်းမော်ကွန်းရဲ့ လုံခြုံရေးကို စိုးရိမ်နေကြတာ  ဖြစ်ပါတယ်။ တိမ်းရှောင်နေရပေမယ့်လည်း  ရောက်တဲ့နေရာကနေ  တော်လှန်နေတာ ဖြစ်တဲ့အကြောင်းကို  အားလုံးသိရှိရအောင်  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာ  ဖြစ်ပါတယ်။  ပြည်သူတွေဘက်ကနေ  ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ပေးနေတဲ့  မင်းမော်ကွန်းရဲ့ စိတ်ဓာတ်ကိုတော့  မလေးစားဘဲကို မနေနိုင်ပါဘူးနော်။  ကိုဗစ်ရောဂါဟာ ပြန့်နှံ့နေဆဲ ဖြစ်တာကြောင့်  ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်စိုက်ဖို့ကိုလည်း သတိတရမှာကြားနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးစတင်လာတာ ရက်တစ်ရာပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ကမ္ဘာမကြေအမုန်းတွေနဲ့ဆက်လက်လောင်ကျွမ်းဖြစ်နေဆဲကိုလည်း.

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

" လက်သုံးချောင်းထောင်ပါ

Mask တပ်ပါ ကျန်းမာရေးဂရုစိုက်ပါ

အားလုံးကိုသတိရနေတယ်။

ရက်တစ်ရာပြည့်ပေမယ့်

ရင်ဘတ်ထဲမှာတော့ဗလောင်ဆူနေတုန်း

သွေးတွေကပူနေတုန်း

ကမ္ဘာမကြေအမုန်းတွေနဲ့

ဆက်လက်လောင်ကျွမ်းနေတုန်း" ဆိုပြီး ရေးသား ဝေမျှထားတာ ဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုစတင်လာသည်မှာဒီနေ့နဲ့ဆို ရက် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဒီကာလအတွင်း  ဖမ်းဆီးခံထားရသူတွေ ထောင်ကျော်ရှိနေတာ  ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး  ပြည်သူတွေမျှော်လင့်နေတဲ့  စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖော်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
https://s9.kh1.co/__image/w=650,h=526,q=100/40/40e7a23a8be3c9eac9d325e3a99030cac332ad33.jpeg
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T