ခြေထောက်ကိုကျည်ထိလို့ လဲကျသွားတဲ့အချိန်မှာပဲ ဦးခေါင်းကိုကျည်ထပ်မှန်ပြီး လူမသိသူမသိ ကျဆုံးသွားခဲ့ရတဲ့ မြင်းခြံမြို့က လူငယ်တစ်ယောက်

//s9.kh1.co/fc/fcbbabb21e28bb5b4c210d053c946fc34fd802aa.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခြေထောက်ကိုကျည်ထိလို့ လဲကျသွားတဲ့အချိန်မှာပဲ ဦးခေါင်းကိုကျည်ထပ်မှန်ပြီး လူမသိသူမသိ ကျဆုံးသွားခဲ့ရတဲ့ မြင်းခြံမြို့က လူငယ်တစ်ယောက်

ယနေ့ မေလ (၁၁) ရက်နေ့ကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ ရက် (၁၀၀) တိတိပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ် ။ ရက်ပေါင်း (၁၀၀) အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့အခြေအနေက အများကြီးပြောင်းလဲသွားခဲ့သလို ဖမ်းဆီးထိန်းခံရသူ အရေအတွက်နဲ့ ကျဆုံးသူဦးရေကလည်း တစ်နေ့တခြား ပိုမိုများပြားနေတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ ပြည်သူတွေထဲမှာ အသက်ငယ်သေးတဲ့ လူငယ်တွေ၊ တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်သစ်လေးတွေလည်း ပါသွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Thu Htoo San's FB Acc
Photo Credit-Thu Htoo San's FB Acc

အခုလည်း ပြည်သူတစ်ဦးက မြင်းခြံမြို့မှာ ကျဆုံးခဲ့တဲ့လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အဲ့ဒီလူငယ်လေးကတော့ ပြီးခဲ့တဲ့မတ်လ (၂၉) ရက်နေ့က မြင်းခြံမြို့မှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့တဲ့ မောင်သူထူးစံပဲ ဖြစ်ပါတယ် ။ မောင်သူထူးစံက နွေဦးတော်လှန်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Thu Htoo San's FB Acc
Photo Credit-Thu Htoo San's FB Acc

မောင်သူထူးစံက ခြေထောက်ကိုကျည်ထိလို့ လဲကျသွားတဲ့အချိန်မှာပဲ ဦးခေါင်းကိုကျည်ထပ်မှန်ကာ ကျဆုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကတော့ မောင်သူထူးစံက လူမသိသူမသိ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း၊ စကားကို ရိုးရိုးပြောတတ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်သူတစ်ယောက်ဖြစ်ကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အဲ့ဒီမိတ်ဆွေက မောင်သူထူးစံကို သူတို့ဘာသာရဲ့ယုံကြည်မှုအစဥ်အလာအတိုင်း ဆုမွန်ကောင်းတောင်းပေးထားတာလည်း ဖြစ်ပါတယ် ။ မြင်းခြံမြို့က သူရဲကောင်းမောင်သူထူးစံရဲ့အကြောင်းကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Thu Htoo San's FB Acc
Photo Credit-Thu Htoo San's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T